စစ်တွေတွင် ရဟန်းတော်များ ၉၆၉ ဂဏန်းဖြင့် လူပ်ရှားမူ ပြုလုုပ်

စစ်တွေတွင် ရဟန်းတော်များ ၉၆၉ ဂဏန်းဖြင့် လူပ်ရှားမူ ပြုလုုပ်
by -
နိရဥ္စရာ

စစ်တွေမြို့ ရဟန်းတော်များ စည်းကမ်း ထိိန်းသိမ်းရေး အဖွဲ့မှ ၉၆၉ ဂဏန်းနှင့် သာသနာ့ အမှတ် အသား တံဆိပ်ပါ စာရွက်များကို လူမြင်ကွင်းတွင် ကပ်ပြီး လူပ်ရှားမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ထိုလူပ်ရှားမူကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့ကြောင်း၊ လူပ်ရှားရသည့် ရည်ရွယ်ချက်မှာ ရတနာသုံးပါးကို ဗုဒ္ဓဘာသာဝင်များ ပိုမိုဆည်းကပ် လာစေရန် ရည်ရွယ်ကြောင်း လူပ်ရှားမူကို ဦးဆောင်သူ အဆိုပါ ရဟန်းတော် အဖွဲ့ ဥက္ကဌ ဦးဉာဏက ပြောသည်။

“ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အထွေအထူးတော့ မဟုတ်ပါဘူး။ လူတွေ ဘာသာ တရား အပေါ်မှာ ပိုပြီး အာရုံ စူးစိုက်လာစေရန်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဘုရား၊  တရား၊ သံဃာ ရတနာသုံးပါးကို ပိုမိုပြီး ဆည်းကပ်လာစေဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့သော လူပ်ရှားမူတွင် ဘာသာရေး ဆိုင်ရာ တံဆိပ် အမှတ်အသားများပါ စာရွက်များအား စစ်တွေ- ရန်ကုန် အဝေးပြေးကားဂိတ်ရှိ ကားများတွင် ကပ်ပြီး လူပ်ရှားမူကို စတင်ခဲ့ကြသည်။

“အကျိုးရလဒ်ကတော့ လူတွေက မိမိ ဘာသာ တရားအပေါ်မှာ မေ့လျော့လာကြတယ်။ ဘာသာတရား သွန်သင် ဆုံးမမူ အပေါ်မှာလည်း လိုက်နာဖို့ ပျက်ကွက်လာတယ်။ ဒီလို လုပ်တဲ့ အတွက် ဘာသာ တရားရဲ့ အမှတ် သင်္ကေတတွေကို မြင်တော့  ပိုပြီး နိုးနိုးကြားကြား အလေးအနက်ထားလာမယ်။ ဘာသာ တရား အပေါ်မှာ ချစ်ခင် ထိန်းသိမ်းလိုတဲ့ စိတ်တွေ ပိုမို တိိုးပွားလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ရဟန်းတော်များ၏ လူပ်ရှားမူတွင် အသုံးပြုနေသော စာရွက်များ အတွင်း သာသနာ့ အလံကို အခြေခံထားပြီး သာသနာ့ အလံပေါ်တွင် ၂၄ ပစ္စည်း၊ ၂၄ ပစ္စည်း အထဲတွင် ၉၆၉  ဂဏန်းကို ရေးဆွဲထားကြောင်းနှင့် ထို အထဲတွင် အသောက မင်းကြီးကျောက်စာတိုင်ကိုလည်း ရေးထိုးထားသည်ဟု ဆိုသည်။

“၉၆၉ ရဲ့ အဓိပ္ပါယ်က ဘုရား ဂုဏ်တော် ၉ ပါး၊ တရား ဂုဏ်တော် ၆ ပါးနဲ့ သံဃာ့ဂုဏ်တော် ၉ ပါး ဖြစ်ပါတယ်။ ဒါကို ဖေါ်ညွှန်းတဲ့ အနေနဲ့ ၉၆၉ ကို ရေးထိုးထားပါ” ဟု အရှင် ဦးဉာဏက ဆက်လက် မိန့်ကြားသည်။

ယမန်နေ့ ညနေပိုင်းကလည်း အဆိုပါ လူပ်ရှားမူကို စစ်တွေ သင်္ဘောဆိပ်တွင် ပြုလုပ်ခဲ့ပြီး နေ့စဉ် ရက်ဆက် ဆိုသလို ပြုလုပ်သွားမည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် အနှံ့အပြားတွင်လည်း ရဟန်းတော်များက လိုက်ပါ ဆောင်ရွက် ရန် စီစဉ်နေကြသည်ဟု ဆိုသည်။

အာဏာပိုင်များဘက်မှ ယခု လူပ်ရှားမူနှင့် ပတ်သက်ပြီး ကူညီပေးခြင်း မရှိသကဲ့သို့ နှောင့်ယှက်မူလည်း မရှိကြောင်း သိရသည်။

Most read this week