အရက်ချက် စက်ရုံ နှင် ့ ဇီးခွဲစက် အချို့လည်ပတ်နေခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်းရေညစ်ညမ်း မှုနှင် ့ရေစီးဆင်းမှု ပြောင်းပြန်ဖြစ်ကာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အောင်လံဒေသခံများကပြောသည်။
အောင်လံမြို ့တွင်းရှိ UKT အရက်ချက် စက်ရုံနှင် ့ မြို ့ပြင် ရှိ ဇီးခွဲစက် အချို့ မှ စွန့်ပစ်အရည်နှင် ့ အစိုင်အခဲအချို ့ကြောင် ့ ဧရာဝတီမြစ်ရေအား သောက်ရေနှင် ့ ချိူးရေအဖြစ် သုံးစွဲ၍ မရတော ့ကြောင်း အောင်လံဒေသခံ ဒေါ်ဥမ္မာ က ပြောသည်။
“အရက်ချက် စက်ရုံက စွန့်ပစ်ရေတွေကို ချောင်းထဲက တစ်ဆင့် မြစ်ထဲကို ပစ်တယ်။ ဇီးခွဲစက်တွေက ဇီးဖတ်တွေက လည်း မြစ်ထဲကို မျောပါလာတာ တွေရှိတယ်။အဲဒီတော ့ ဧရာဝတီ မြစ်က ရေတွေက ၀ါလာတယ်။ သောက်လို ့မရတော့တဲ့ အပြင် ချိူးရင်တောင်မှ ယားလာတယ်။” ပာု အောင်လံမြို ့ မန်ချက်စတာ ထမင်းဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာက ပြောသည်။
အဆိုပါ အဝါရောင် သန်းသည့် ရေများအား သောက်သုံးမှုကြောင့် ဒေသခံ ကလေးငယ်အချို ့ ၀မ်းရောဂါ ဖြစ်ပွားမှု ရှိလာကြောင်း ဒေသခံများကဆိုသည်။
ယခုကဲ့သို့ ရေ မသန့်ရှင်းမှုကြောင့် အောင်လံဒေသမှ ဒေသခံ အချို ့သည် သောက်သုံးရေ အခက်အခဲ ကြံုနေရပြီး ရေစည်တစ်စည်အား ငွေငါးရာ ဖြင် ့ဝယ်ယူသုံးစွဲရကြောင်း၊ မီးသတ်တပ်ဖွဲ့နှင့်ငွေကြေးချမ်း သာသူဒေသခံ များက လှုဒါန်းလျှက် ရှိကြကြောင်း သိရသည်။
ရေခက်ခဲမှုဖြစ်နေသော အောင်လံမြို ့ရှိ ဒေသများမှာ စမ်းချောင်း၊ စက်ရုံ၊ ရထောင်၊ သရော်ကုန်း စသည်ရပ်ကွက်တို ့ဖြစ်ပြီး တန်ဘိုး၊ ပန်းမတောက်၊ ပိတောက်ကုန်း စသည့်ရွာများလည်း ပါ၀င်ကြောင်း စုစုပေါင်းလူဦးရေ တသောင်းခွဲခန် ့ ရေဘေးဒုက္ခ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဧရာဝတီမြစ်အတွင်းမှ သောက်သုံးရေ ညစ်ညမ်းမှုသည် UKT အရက်ချက်စက်ရုံနှင် ့မသက်ဆိုင် ကြောင်း ၎င်းတို့ စက်ရုံမှ စွန့်ထုတ်ရေများသည် သန့်စင်ပြီးသားဖြစ်ကြောင်း UKT အရက်ချက်စက်ရုံမှ ဆိုသည်။
“ကျွန်တော်တို ့စက်ရုံက တည်ထောင်လာတာအနှစ် ၂၀ လောက်ရှိပြီ။ စွန်ပစ်ရေတွေကို အမြဲ သန့်စင်ပြီးမှ ပစ်တယ် ” ပာု UKT အရက်ချက် စက်ရုံပိုင်ရှင် ဦးကန်ထွန်းက ပြောသည်။
UKT အရက်ချက်စက်ရုံသည် ၀ီစကီ ကုန်ကြမ်း အရက်ကြမ်းများထုတ်လုပ်သောစက်ရုံဖြစ်ပြီး ရေသန့်ပါ ထုတ်လုပ်ကြောင်းနှင့် အဆိုပါ ရေသန့်စင်မှု ပြုလုပ်ပြီး အခြားစွန့်ပစ်ရေများမှာ သန့်စင်မှုရှိသော်လည်း တင်လဲရေအရောင် ကျန်ရှိလျက် ရှိကြောင်း သိရသည်။
ထို့အပြင် ဇီးခွဲစက် လုပ်ငန်းများမှာလည်း မြစ်ရေ ညစ်ညမ်းစေသည့် အတွက် အာဏာပိုင်များမှ ဖိအားပေးမှုများကြောင့့် စက်အများအပြား ပိတ်သိမ်းခဲ ့ရပြီး ယခု စက်ရုံ တခုသာ လည်ပတ်နေကြောင်း အောင်လံမြို ့နယ်အုပ်ချုပ်ရေးရုံးမှ ဒုဦးစီး ကဆိုသည်။
“ကျွန်တော်တို့ ဇီးခွဲစက်တွေကို တားမြစ်နေပါပြီ။ အခု စက်တစ်စက်ဘဲ ကျန်တော ့ပါတယ်။” ပာု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။
အဆိုပါ တာဝန်ရှိသူများသည် အရက်ချက် စက်ရုံအား ၀င်ရောက်စစ်ဆေးခဲ ့ကြောင်း၊ စစ်ဆေးမှု အချက်အလက်နှင့်ပြည့်စုံမှုရှိခဲ့ကြောင်း ဒုဦးစီး၏ ပြောကြားချက်အရ သိရသည်။
ထိုပြင် ဧရာဝတီမြစ်သည် အဆိုပါဆိုးကျိူးများ ခံစားနေရခြင်းကြောင့် မြစ်ကောမှုနှင့် ရင်ဆိုင်နေရကာ တောင်မှမြောက်သို ့ စီးဆင်းသော ရေသည် မြောက်မှ တောင်သို ့ ပြောင်းပြန်စီးဆင်းနေကြောင်းဒေသခံ များက ဆိုသည်။
ဧရာဝတီမြစ်သည် ယခုကဲ့သို ့ကောလာခြင်းနှင့် ဆယ်နှစ်ကျော် ရင်ဆိုင်လာရကြောင်း သို ့သော် ယခုနှစ်သည်
မြစ်ကောမှု အခြေအနေ အဆိုးဆုံးနှစ်ဖြစ်ကြောင်း ဒေသခံ ပန်းချီဆရာ ကိုယဲယဲ က ပြောသည်။