နယ်လှည့် ပြည်သူ့ဆက်ဆံရေး ဇာတ်အဖွဲ့ တညတာ ဖြေဖျော်မူ ဆုငွေ သန်းချီရ

နယ်လှည့် ပြည်သူ့ဆက်ဆံရေး ဇာတ်အဖွဲ့ တညတာ ဖြေဖျော်မူ ဆုငွေ သန်းချီရ
by -
မောင်သစ်အောင်
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လာရောက် ဖြေဖျော် ကပြသော နယ်လှည့် ပြည်သူ့ဆက်ဆံရေး ဇာတ်အဖွဲ့မှာ တညတာ ကပြ ဖြေဖျော်မူအတွင်း ဆုငွေ သန်းချီ၍ ရရှိသွားခဲ့သည်။ အမည်မဖေါ်လိုသူ စီးပွားရေးသမား တဦးက “မောင်တော ဘော်လုံးကွင်းမှာ တညဉ့် လကပြတာ ဆုငွေ သန်းချီပြီး ရ ...

ရခိုင်ပြည်နယ် မောင်တောမြို့တွင် လာရောက် ဖြေဖျော် ကပြသော နယ်လှည့် ပြည်သူ့ဆက်ဆံရေး ဇာတ်အဖွဲ့မှာ တညတာ ကပြ ဖြေဖျော်မူအတွင်း ဆုငွေ သန်းချီ၍ ရရှိသွားခဲ့သည်။

အမည်မဖေါ်လိုသူ စီးပွားရေးသမား တဦးက “မောင်တော ဘော်လုံးကွင်းမှာ တညဉ့် လကပြတာ ဆုငွေ သန်းချီပြီး ရသွားတယ်လို့ သိရပါတယ်။ အကြောင်းကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေကို ဖိတ်စာကမ်းပြီး သက်ဆိုင်ရာက အတင်းဆုချခိုင်းတော့ တညတည်းနဲ့ သန်းချီရသွားတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

နယ်လှည့် ပြည့်သူ့ ဆက်ဆံရေး ဇာတ်အဖွဲ့မှာ ရခိုင်ပြည်သူများအား စည်းရုံးရန်နှင့် နအဖ တပ်မတော် အတွက် ၀ါဖြန့်ချီရန် အတွက် ဖွဲ့စည်းထားသော ဇာတ်အဖွဲ့ ဖြစ်ပြီး ရခိုင်ပြည်နယ် မြို့ နယ် အနှံ့ သွားရောက်ကပြနေသော ဇာတ်အဖွဲ့ ဖြစ်သည်။

အဆိုပါ ဇာတ်အဖွဲ့လာတိုင်း ဒေသခံပြည်သူများမှာ အစည်းအရုံးခံနေရသည့် အပြင် ငွေများပါ ပေးနေရသဖြင့် မိအေးနှစ်ခါ ဖြစ်နေရသည်ဟု အဆိုပါ စီးပွားရေးသမားက ယခုကဲ့သို့ ပြောသည်။

“ဇာတ်အဖွဲ့လာကတော့ ပြဇာတ်တွေ ပျက်လုံးတွေ အကုန်လုံးက အတိုက်အခံအင်အားစုတွေ မကောင်းဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လူသတ် ဓါးပြ တိုက်တယ်။ တပ်မတော်ကြီးက ဘယ်လိုကောင်းတယ်။ တိုင်းပြည်ကို ဘယ်လိုကာကွယ်တယ်။ ဒါတွေကိုဘဲ ပြတယ်။ လူတွေက သိသိကြီးနဲ့ ဇာတ်ပွဲကို သွားတယ်ဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွား အစည်းအရုံးခံသလိုမျိုး ဖြစ်နေတာပေါ့။”

အဆိုပါ ဇာတ်အဖွဲ့မှာ မောင်တောမြို့ ဘော်လုံးကွင်းတွင် ကပြခဲ့ရာတွင် မောင်တောလူထု ၂၀၀၀ ခန့် သွားရောက် ကြည့်ရှု့ခဲ့သည်ဟု သိရသည်။

အဆိုပါ ဇာတ်အဖွဲ့အား ဗိုလ်မှူး နှစ်ဦးမှ ဦးစီးပြီး ရဲဘော် ရဲမယ် ၃၀ ခန့်ပါ၀င်ကာ ရခိုင်ပြည်နယ်အနှံ့ အပြားသွားရောက် ဖြေဖျော်ကပြနေသော စစ်သား ဇာတ်သဘင် ဖြစ်သည်။

Most read this week