တိုက်ပွဲများ ဆက်လက်မဖြစ်ပွားစေရန် KIA မှ ရှေ့တန်းတပ်သို့ညွန်ကြားထား

တိုက်ပွဲများ ဆက်လက်မဖြစ်ပွားစေရန် KIA မှ ရှေ့တန်းတပ်သို့ညွန်ကြားထား
by -
ကချင်သတင်းဌာန

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အစိုးရတပ်နှင့် တွေ့ဆုံဆွေးနွေးမှုလုပ် နေစဉ်အတွင်း ရှေ့တန်းသို့ရောက်ရှိနေသည့် ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်းသိရသည်။

ယခုလ တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခင်ကတည်းက KIA ရှေ့တန်းသို့ ညွန်ကြားထားခြင်းဖြစ်ပြီး ယခုချိန် နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရပ်ဆိုင်းနေသည်ဟု ရှေ့တန်းမှ အရာရှိတဦးပြောသည်။

“ကိုယ့်ဘက်ကနေစပြီး သွားမပစ်ဖို့၊ တတ်နိုင်သမျှကိုယ့်ဘက်က မမှားဖို့ ပြဿနာမဖြစ်ဖို့ရန် ရှေ့တန်းမှာရှိနေတဲ့ သူများအားလုံးကို ညွှန်ကြားထားတယ်။ ဒါမဲ့ သူတို့ဘက်က တဇွတ်ထိုး ထိုးစစ်တိုက်လာရင်တော့ပစ်မယ်လို့ ပြောထားတယ်။” ဟု ရှေ့တန်းရှိ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ ပြောသည်။

ဖေဖဝါရီလဆန်းပိုင်းက မြန်မာအစိုးရနှင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားနေတဲ့နေရာများတွင် လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေးလုပ်ဆောင်ရန် နှစ်ဖက်သဘောတူညီခဲ့သည့် အတိုင်း ယခုလမကုန်မီထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်သောကြာင့် နှစ်ဖက်တပ်မှ ရင်ဆိုင်တိုက်ပွဲများမဖြစ်စေရန် ရှေ့တန်းရောက်သို့ အမိန့်ပေးထားခြင်းဖြစ်သည်ဟု ပြောသည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာချုပ်အနီးတွင် အစိုးရတပ်များသည် စစ်အင်အား ၂၀၀၀ ခန့်လှုပ်ရှားနေသော်လည်း ပစ်ခတ်ခြင်းမရှိသေးကြောင်းသိရသည်။

သို့သော် လိုင်ဇာဌာနချုပ်နယ်မြေမှအပ ဖားကန့်ဒေသနှင့် တရုတ်နယ်စပ် ပန်ဝါဒေတို့တွင် အစိုးရစစ်တပ်များ ထိုးစစ်ဆင်လှုပ်ရှားမှုကြောင့် တင်းမာမှုရှိနေပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်းဒေသခံများ ပြောသည်။

အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO ကြား ကချင်ပြည်နယ်တွင်း စစ်ပြေငြိမ်းရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့ထိ လဂျားယန် (Lajayang)၊ ခယာဘွမ် (Hka Ya Bum)၊ လဝါယန် (Lawayang) အနီးရှိ အစိုးရတပ်များမှ လက်နက်ကြီးများ ဖြင့် ရမ်းတန်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) ဒေသတွင်လည်း နှစ်ဖက်တပ်မှ ရင်ဆိုင်တိုက်ပွဲများ မရှိသော်လည်း အစိုးရတပ်ပေါင်းစုများသည် စစ်အင်အား ၁၀၀၀ ကျော် တိုးချ၍ ထိုးစစ်ဆင်လှုပ်ရှားမှုများရှိနေကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။

Most read this week