စစ်တွေရဲစခန်း ၀ိုင်းဝန်း ဆန္ဒပြရာတွင် ပါ၀င်သူ ၉ ဦး ထောင်် (၁) နှစ်စီချမှတ်ခံရ

စစ်တွေရဲစခန်း ၀ိုင်းဝန်း ဆန္ဒပြရာတွင် ပါ၀င်သူ ၉ ဦး ထောင်် (၁) နှစ်စီချမှတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ယမန်နှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော စစ်တွေ အမှတ် (၁) ရဲစခန်း ၀ိုင်းဝန်း တိုက်ခိုက်မူ အတွင်း ပါ၀င်သူ ၉ ဦးကို စစ်တွေမြို့နယ် တရားရုံးမှ ယမန်နေ့့က ထောင်ဒဏ် (၁) နှစ်စီ အသီးသီးချမှတ်လိုက်သည်ဟု သိရသည်။

စစ်တွေရဲစခန်းကို ၀ုိင်းဝန်း နေကြစဉ်။

“စုစုပေါင်း ၁၉ ဦး အဖမ်းခံထားရတယ်။ အဲဒီအထဲက ၁၀ ဦးက တရားသေလွှတ်တယ်။ ၉ ဦးထောင် ၁ နှစ်စီ ချမှတ်ခံရတယ်။ တရားစွဲဆိုတဲ့ ပုဒ်မက ပြည်သူပိုင် ပစ္စည်း ကာာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆၈ နဲ့ ဖြစ်ပါတယ်” ဟု ဆိုသည်။

ထောင်ချခံရသူ ၉ ဦးထဲတွင် အရေးအခင်း ဖြစ်စဉ်တုန်းက ဒဏ်ရာရသူ ရ ဦးပါ၀င်သည်ဟု သိရသည်။

ထောင်ချခံရသူများထဲတွင် ကိုအောင်မိုးဇော် အပါအဝင် တခြားသူများ ပါ၀င်သည်ဟု ဆရာမက ပြောသည်။

စစ်တွေတွင် ယခင်နှစ် ဇွန််လ ၃ ရက်နေ့ ညနေပိုင်းတွင် စစ်တွေအမှတ် (၁) ရဲစခန်းကို ပြည်သူ ထောင်ပေါင်များစွာက ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်းတွင်လူအုပ် အဆမတန် များပြားလာပြီး ရဲစခန်းအား ၀ိုင်းဝန်းပြီး ပုလင်းများ၊ ကျောက်ခဲများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ကြရာ ရဲစခန်းထဲမှ လုံထိန်းနှင့် ရဲသားများက သေနတ်များ ပစ်ခတ်ပြီး လူစုခွဲခဲ့ရသည်။

လုံထိန်းနှင့် ရဲသားများ၏ ပစ်ခတ်မူကြောင့် ရဟန်းတော် တစ်ပါး အပါအဝင် လူပေါင်း ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ အမူအား ယမန်နေ့က ဆုံးဖြတ်ရာ ၉ ဦးကို ထောင် တနှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

Most read this week