အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ လက်တွေ့ကျစေရန် ကုလ တွန်းအားပေးသင့်

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ လက်တွေ့ကျစေရန် ကုလ တွန်းအားပေးသင့်

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများအား အပြုသဘောဆောင်သည့် လက်တွေ့ လုပ်ငန်းစဉ်များအဖြစ် ပြောင်းလဲ လုပ်ကိုင်နိုင်စေရန်  ကုလသမဂ္ဂ အဖွဲ ့ မှ တွန်းအားပေးသင့်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန်အောင်က ပြောသည်။

၎င်းက “ကုလသမဂ္ဂ အနေနဲ့ အစိုးရကို လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေလုပ်ဖို တွန်းအား
ပေးသင့်ပါတယ်။ တစ်ဖက်က တိုက်လို ့ပြန်တိုက်တယ် ဆိုတာမျိူး မလုပ်အောင် နှစ်ဖက်လုံးကိုလည်း တွန်းအားပေးရမယ်။” ပာု ဆိုသည်။

အစိုးရနှင့် KIO တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွှေလီမြို ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သတ်၍ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက နှစ်ဖက် ကိုယ်စားလှယ်များ၏ ဆွေးနွေး သဘောတူ ချက်သည် မြန်မာနိုင်ငံ လွပ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံး သေနတ်သံ ချုပ်ငြိမ်းမှုကို မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ ့KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးရလဒ်အား မစ္စတာ ဘန်ကီမွန်း အနေဖြင့် ကြိုဆိုကြောင်း၊ ကချင်ပြည်နယ် တွင် စစ်မှန်၍ ရေရှည် တည်တံသော ငြိမ်းချမ်းရေး ဖြစ်ပေါ်အောင် ဆက်လက်ကြိုးပမ်း အားထုတ်သွားရန် တိုက်တွန်းကြောင်း စသည်တို ့ပါ၀င်သည်။

ထိုသို့ ကုလသမဂ္ဂ အတွင်းရေးမှုး၏ မျှော်လင့်ချက်နှင့် ပတ်သတ်၍ ကချင်အခြေစိုက် ငြိမ်းချမ်းရေး အကျိူးတော်ဆောင် ဦးဆန်အောင်က “ထိုးစစ်ဆင်မှုက အရမ်းနီးကပ်နေတော့ သေနတ်သံ မရပ်နိုင်ဘူး ”ပာု သုံးသပ််သည်။

အစိုးရသည်  ယခင် ၂၀၁၂ ခုနှစ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁ဝ) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ပြီး ယခုအချိန်တွင် KIA/ KIO အဖွဲ ့အစည်းနှင့် အပစ်အခတ်ရပ်စဲရန် ညှိုနှိုင်းမှု ပြုလုပ်လျှက်ရှိသည်။