ရခိုင်မြောက်ပိုင်း အခြေစိုက် နအဖ စစ်တပ်မှ မိမိကိုယ်ကို သတ်သေသူ စစ်သား ၅ ဦးရှိ

ရခိုင်မြောက်ပိုင်း အခြေစိုက် နအဖ စစ်တပ်မှ မိမိကိုယ်ကို သတ်သေသူ စစ်သား ၅ ဦးရှိ
by -
မင်းအောင်
၂၀၀၈ ခုနှစ်အတွင်း ရခိုင် မြောက်ပိုင်း အခြေစိုက် စစ်တပ် တပ်ရင်းများမှ မိမိကိုယ်ကို အဆုံးစီရင်သွားသူ စစ်သား ၅ ဦးရှိကြောင်း အမည်မဖေါ်လိုသူ စစ်တပ်ထဲမှ စာရေးကြီး တဦးမှ ပြောသည်။ ...

၂၀၀၈ ခုနှစ်အတွင်း ရခိုင် မြောက်ပိုင်း အခြေစိုက် စစ်တပ် တပ်ရင်းများမှ မိမိကိုယ်ကို အဆုံးစီရင်သွားသူ စစ်သား ၅ ဦးရှိကြောင်း အမည်မဖေါ်လိုသူ စစ်တပ်ထဲမှ စာရေးကြီး တဦးမှ ပြောသည်။

အဆုံးစီရင်သွားသူ စစ်သားများမှ တပ်မှ ထွက်လိုသော်လည်း ထွက်ခွင့်မရ၍ အဆုံးစီရင်သွားခြင်း ဖြစ်သည်ဟု စစ်တပ်၏ အစီရင်ခံစာကို ကိုးကားပြီး သူကပြောသည်။

အဆုံးစီရင်သွားသူ စစ်သားများ၏ အမည်နှင့် တပ်ရင်းများမှာ မြောက်ဦး အောင်တပ် အခြေစိုက် ခမရ ၃၇၈ တပ်မှ ဇော်ဇော်သိန်း ( နိုဝင်္ဘာလ ၁၃ ရက်နေ့ တွင် မိမိသေနတ်ဖြင့် အဆုံးစီရင်)၊ ရသေတောင်မြို့နယ် အခြေစိုက် ၅၃၆တပ်မှ ဇော်ဇော်မင်း (ဧပြီလ ၁၅ ရက်နေ့ တွင် အဆုံးစီရင်)၊ ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ တပ်ရင်းမှ ၀င်းမြှင့် ( အောက်တိုဘာလ ရ ရက်နေ့တွင် အဆုံးစီရင်)၊ ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်မှ ဇော်ကို ( မတ်လ ၁၂ ရက်နေ့တွင် အဆုံးစီရင်)နှင့် ဘူးသီတောင် အခြေစိုက် ခမရ ၅၅၁ မှ အမည်မသိသူ တဦး ( ဒီဇင်္ဘာ ၁၅ တွင် အဆုံးစီရင်) တို့ ဖြစ်ကြသည်။

နအဖ စစ်တပ်တွင် အထက်အောက် ကွာခြားမူ အထူးရှိနေပြီး အောက်ခြေ စစ်သားများ အနေဖြင့် အထက်အရာရှိများ၏ နိုင်ထက် စီးနှင်း ပြုကျင့်ခံရမူများလည်း ရှိနေသည်ဟု သိရသည်။

လစာမလုံလောက်သည့် ကြားထဲ ထိုသို့ အထက်အရာရှိများ၏ ညှဉ်းပမ်းနှိပ်စက်မူများကြောင့် စစ်သားအများအပြားမှာ တပ်ထဲတွင် မွန်းကျပ်စွာ ခံစားနေကြရပြီး မတတ်သာသည့် အဆုံး ယခုကဲ့သို့ မိမိကိုယ်ကို သတ်သေသွားကြခြင်း ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သော သတင်းရပ်ကွက်များအရ သိရသည်။

ယခင်က စစ်သားများ အနေဖြင့် တပ်တွင် တာဝန်မထမ်းဆောင်လိုလျှင် တပ်မှ ထွက်ပြေးလေ့ရှိ ကြသော်လည်း ယခုကဲ့သို့ မိမိကို သတ်သေသော အဆုံးစီရင်မူများ မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သားများ၏ အဆုံးစီရင်မူက နအဖ တပ်မတော်အတွင်း အောက်ခြေစစ်သားများ အနေဖြင့် မည်မျှထိ စိတ်ခံစားမူပြင်းပြင်း ထန်ထန်ဖီးစီး ခံစားနေသည်ကို သိရှိနိုင်ကြောင်း အဆိုပါ စာရေးမှ ပြောသည်။

Most read this week