ချင်းပြည်နယ်မြို့တော် ဟားခါးရှိ ချင်းလူငယ် အဖွဲ့ (၄) ဖွဲ့ ပေါင်းစည်း၍ ချင်းလူငယ် အဖွဲ့ ချုပ် (Chin Youth Organization) ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ဟားခါးမြို့ Carson Hall တွင် Hakha Youth Organization, Vazuun, Hero, Toe စသည့် မြို့ပေါ် အခြေစိုက်ချင်း လူငယ် အဖွဲ့များမှ ကိုယ်စားလှယ် အင်အား ၄၀ ကျော် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
“အဆိုပါ လူငယ်အဖွဲ့တွေ တဖွဲ့တည်းပေါင်းစည်းရေး ဆန္ဒရှိခဲ့ကြတာ ကြာပြီ၊ ခုက အခြေအနေ အနေအထားက ပေါင်းစည်းဖို့ ဖြစ်လာလို့ ယခုလို ပေါင်းစည်းတာဖြစ်တယ်” ဟု လူငယ်ခေါင်းဆောင် တဦးက ပြောသည်။
အဓိက မူးယစ်ဆေးဝါး တားဆီးရေး၊ သာရေးနာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စာပေ၊ ယဉ်ကျေးမှု မြှင့်တင် ထိန်းသိမ်းရေး စသည့် ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့သလို ချင်းလူငယ်ထု အားလုံးပါ၀င်လာရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟု လူငယ် ဥက္ကဌက ပြောသည်။
ထို့အပြင် ယခုကဲ့သို ပေါင်းစည်းခြင်း အပေါ် အထူး ၀မ်းမြောက် ကြောင်းနှင့် “CYO ကို ဟားခါးမြို့ပေါ် အတွက်သာ ဖွဲ့စည်းတာမဟုတ်ပါ၊ ချင်းလူငယ်ထု အားလုံး ဆက်သွယ် ပါ၀င်လာနိုင်ရေးကို ဆက်လက်ကြိုးပမ်းသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
CYO ကို အောက်ပါအတိုင်းရွေးချယ်ဖွဲ့စည်းကြသည်။
Salai Van Chan Ceu (President)
Mai Vel Tha Chin (Vice president – 1)
Salai Peng Hlei Thang (Vice President -2)
Salai Lairam Chum (Finance & Property)
Salai Van Tin Lian (Culture & Literature)
Salai Duh Hlei Mang (Social & Sport)
Salai Thang Biak Hmung (Peace & Security)
Mai Ca Tial (Women & Empowerment )
Salai Judah Van Biak Kam (Information & Communication)
Mai Ngun Meng (Treasurer)
Mai Htwe Htwe (Assistant Treasurer)
Salai Holly Tawk Tling Thang (Editor) နှင့် အဖွဲ့ဝင် (၇) ဦး၊