စစ်တွေ ရခိုင်ရိုးရာ ရထားဆွဲပွဲ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ကျင်းပမည်

စစ်တွေ ရခိုင်ရိုးရာ ရထားဆွဲပွဲ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ကျင်းပမည်
by -
နိရဥ္စရာ

စစ်တွေမြို့တွင် ဒုတိယ အကြိမ်မြှောက် ကျင်းပမည့် ရခိုင်ရိုးရာ ရထားဆွဲပွဲကို ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက် ရထားဆွဲပွဲ ကော်မီတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရထားဆွဲရန် ပြင်ဆင် နေကြစဉ်။

ရထားဆွဲရန် ပြင်ဆင် နေကြစဉ်။ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက် ရထားဆွဲပွဲ ကော်မီတီဝင်များ တွေ့ဆုံ ဆွေးနွေးပြီးနောက် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်လိုက် ခြင်း ဖြစ်ကြောင်း သိရသည်ရခိုင်ပြည်နယ် အတွင်း ပေါ်ပေါက်ခဲ့သော  အရေးအခင်းကြောင့်  ရထားဆွဲပွဲ ကျင်းပမည့် အရေးနှင့် ပတ်သက်ပြီး အချေအတင် တွေ့ဆုံဆွေးနွေးမူများ ပေါ်ပေါက်ပြီးနောက် ကျင်းပရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။ရထားဆွဲပွဲကို ညမီးရောင်စုံများအောက်တွင်  ပြုလုပ်ရပြီး စစ်တွေတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျင်းပသွားမည်ဟု စစ်တွေ ဒေသခံများက ဆိုသည်။

“ရိုးရာ စဉ်လာအရ ရထားဆွဲပွဲကို တစ်ကြိမ် ကျင်းပရင် သုံးနှစ်ဆက်တိုက် ကျင်းပရတယ်။ မဟုတ်ရင် ဘေးဥပါတ်ကျရောက်နိုင်တယ်လို့ ယုံကြည်မူ ရှိကြတယ်။ စစ်တွေ ရွာကြီးတောင် ရပ်ကွက်က ပြုလုပ်တဲ့  ရထားဆွဲပွဲကို လွန်ခဲ့တဲ့ နှစ်က စထားတော့ ဒီနှစ်မှာလည်း ဒုတိယ အကြိမ် အဖြစ် ကျင်းပရမှာ ဖြစ်တယ်။ ဒါကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ ညှိနိုင်းတဲ့ အခါ ပြေလည်မူ ရသွားပြီး ခုလို ကျင်းပဖို့ နေ့ကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်” ဟု  ရွာကြီးတောင်ရပ်ကွက်မှ ကော်မတီ ၀င်တစ်ဦးဖြစ်သူ ကိုသိန်းစိုးက ပြောသည်။

ယခုနှစ် ရထားဆွဲပွဲကို  တိုင်းပြည် မငြိမ်သက်သည့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော အချိန် ကာလမျိုးတွင် ကျင်းပရသဖြင့် စည်းကမ်း အပြည့်အဝဖြင့် သတိတရား လက်ကိုင်ထားပြီး ကျင်းပ ပြုလုပ်သွားရန် လိုသည်ဟုလည်း သူက ဆိုသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲမှာ ရှေးရိုး အစဉ်အလာ ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ပျော်ပွဲ ရွှင်ပွဲများ အဖြစ် ဖြင့် ချမ်းအေးသော တပို့တွဲလ ရောက်တိုင်းကျင်းပလေ့ရှိသည်။

သစ်ပင် သစ်ခက်များဖြင့် လှပစွာ ဆင်ယင်ထားသော ဘီလေးလုံးတပ် ရထားအား တစ်ဘက် တစ်ချက်စီတွင် ကြိုးတပ်ကာ လူအုပ်စု (၂) ခုက တစ်ဘက်နှင့် တစ်ဘက် သူနိုင် ကိုယ်နိုင် အပြိုင်ဆွဲရသော ပွဲဖြစ်သည်။  ရပ်ကွက် အလိုက်ဖြစ်စေ၊ အသင်း အဖွဲ့လိုက်ဖြစ်စေ၊ အမျိုးသားနှင့် အမျိုးသမီး ဖြစ်စေ တစ်ဘက်နှင့် တစ်ဘက် သံချပ်များ အပြိုင် ထိုးကာ သူနိုင်ကိုယ်နိုင် ဆွဲကြသော ပွဲဖြစ်သဖြင့် အလွန်ပျော်စရာကောင်း သည်ဟု သိရသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲကို ရခိုင် မင်းဗာ ဘုရင် လက်ထက်က စတင် ကျင်းပလာသည်ဟု ပြောဆိုကြသော် လည်း ထိုခေတ်မတိုင်မှီကပင် ရထားဆွဲပွဲမှာ  ရခိုင်တွင် ပေါ်ပေါက်နေပြီဟု ယူဆ ပြောဆိုနေသူများလည်း ရှိသည်။

ရခိုင်ရိုးရာ ရထားဆွဲမှာ ငွေအား၊ လူအား အများအပြား စိုက်ထုတ်ပြီး ကျင်းပရသော ပွဲဖြစ်သဖြင့် ကာလ အတန်ကြာ ပျောက်ကွယ်နေခဲ့ရာမှာ မောင်တောမြို့နှင့် စစ်တွေ မိဇံရပ်ကွက်မှ စတင် ကျင်းပရာမှ အခုအခါ ရခိုင်ပြည်နယ် အနှံ့အပြားတွင် ပြန်လည် ကျင်းပလာကြသည်ဟု သိရသည်။

Most read this week