ဗိုလ်မင်းထောင် ဗိုလ်မင်း ကျော်သန်ဖြူ ရုတ်တရက်ကွယ်လွန်

ဗိုလ်မင်းထောင် ဗိုလ်မင်း ကျော်သန်ဖြူ ရုတ်တရက်ကွယ်လွန်
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ်နိုင်ငံ ရွာတော်ခေါ် ဘင်ဒရိုဘင် ခရိုင် ဗိုလ်မင်းထောင်၏ ၁၆ ဆက်မြောက် ဗိုလ်မင်းဖြစ်သူ KS ဖြူခေါ် ကျော်သန်ဖြူသည် မနေ့က  ရုတ်တရက်ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

မြန်မာ- ရခိုင် သမိုင်းများနှင့် ဆက်စပ်နေသာ ဗိုလ်မင်း KS ဖြူ (၇၈) နှစ် သည် လွန်ခဲ့သည့် ရက် ညနေပိုင်း အနည်းငယ်ဖျားနာရာမှ ရုတ်တရက် နှလုံးရပ်ကာ ရွာတော်မြို့ မိမိနေအိမ် တွင် ယမန်နေ့ နံနက် ၅ နာရီခန့်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

bandarban-16th-bomang-raja-KS-Prue

ယခု ကွန်လွန်သွားသည့် ဗိုလ်မင်း KS ဖြူသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၁၆ ဆက်မြောက် ဗိုလ်မင်း ဖြစ်လာသူ ဖြစ် သည်။

သူသည် ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၈ ရက်နေ့က ၁၅ ဆက်မြောက် ဗိုလ်မင်းဖြစ်သူ ဦးအောင်ရွှေဖြူကွယ် လွန်ခဲ့ပြီးနောက် ဗိုလ်မင်း ဖြစ်လာသူ ဖြစ်သဖြင့် အချိန်အားဖြင့် တနှစ်တောင် မပြည့်သေးခင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်မင်းအဖြစ် ခန့်အပ်ခံထားရသူမှာ အဆောင်အယောင်ဖြင့် နေထိုင်ခွင့်ရပြီး၊ ရှေးရခိုင်ဘုရင်များ လက်ထက် ကတည်းကပင် ရခိုင်ဘုရင့် နယ်မြေတစ်ခု ဖြစ်ခဲ့သော ဗိုလ်မင်းထောင်နယ်ကို နယ်စားကြီး အဖြစ် အပိုင်စားခွင့် ရရှိသည်။

လက်ရှိ ဗိုလ်မင်းတို့ အဆက်အနွယ်သည် မြန်မာ ဘုရင် ဘုရင်နောင်နှင့်  အဆက်အနွယ်များ ဖြစ်ကြသည်ဟု ယုံကြည်ထားကြသည်။ ရခိုင်ဘုရင် မင်းရာဇာကြီး ဟံသာဝတီကို ၀င်တိုက်ပြီးနောက် မင်းသမီး မခင်နှောင်းနှင့် အတူ မြောက်ဦးသို့ ခေါ်ဆောင်လာသူ ဘုရင်နောင်၏ ဆွေမျိုးများဟု သူတို့က ပြောဆိုသည်။

လက်ရှိ ဘင်္ဂလာဒေချ့် အစိုးရ အဆက်ဆက်လည်း အဆိုပါ စနစ်ကို မဖျက်သိမ်းဘဲ အခွန်ကောက်ပိုင်ခွင့်၊ တရားမ အမှုများကို သူအပိုင်စားရရာ နယ်မြေတွင် စီရင်ပိုင်ခွင့် ပြုထားသည်။

ဗိုလ်မင်းအား မည်သည့်နေ့ရက်တွင် မီးသင်္ဂြိုလ်မည်ကို ဆွေတော်မျိုးတော် မိသားစုဝင်များက များမကြာမှီ ထုတ်ပြန်မည်ဟု ဆိုသည်။

Most read this week