လျှပ်စစ်ဓာတ်အား လိုင်းခွဲစက်ရုံများ တည်ဆောက်ရန် အစီအစဉ်ရှိ

လျှပ်စစ်ဓာတ်အား လိုင်းခွဲစက်ရုံများ တည်ဆောက်ရန် အစီအစဉ်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်း မြို့နယ်တချို့တွင် လျှပ်စစ်ဓာတ်အား လိုင်းခွဲစက်ရုံများ တည်ဆောက်ဖို့ အစီအစဉ် ရှိနေတယ်လို့ ပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။  

ဝန်ကြီးဦးစောဟူးဟူးက “ကျနော်တို့ကယားပြည်နယ်အတွင်းမှာ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ဖို့အတွက်ပေါ့ လေ အဓိကလိုအပ်တာက လိုင်းတွေပေါ့နော် ။ လိုင်းတွေကိုကျနော်တို့ တိုးချဲ့ ဆောင်ရွက်ဖို့ အစီအစဉ်တော့ ရှိပါတယ် ။ အဲဒါတွေလည်း ကျနော်တို့ ပြည်ထောင်စုအစိုးရကို တင်ပြထားတာရှိပါတယ်။ ဆိုလိုတာက ဓာတ်အားလိုင်းတွေဆွဲဖို့ ကိစ္စတွေ ကျေးရွာတွေကို ပေးနိုင်ဖို့အတွက်ကို ဆောင်ရွက်ထားပါတယ်။” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့မှာ ဓာတ်အားလိုင်းခွဲစက်ရုံကို ငွေတောင်ဆည် တာအောက်ဘက်တွင် တည်ဆောက်ဖို့ ရာထား သော်လည်း ခြံမြေနှင့် သက်ဆိုင်သူတွေနှင့် ညှိလို့မရသေး၍ ဖရူဆိုမြို့တွင် ဦးစွာ တည်ဆောက်သွားမှာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘိုးရယ်က ပြောပါတယ်။

“ခြံပိုင်ရှင်ကမပေးတာနဲ့ စျေးတအားအော်တယ်ပေါ။ တကယ်တမ်းကျတော့ ကျနောတို့ဒီမြေနေရာရှာတာ မရတာနဲ့ ဖရူဆိုဖက်ကို ရွေ့သွားတယ် အခုကျနောတို့ မြေနေရာရပြီဆို လာမည့်နှစ်မှာကျနော်တို့ ဒီမှာဆောက်ပေးမယ်။ ပြန်ညှိနေတယ်ပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှုးနဲ့မြေနေရောရဖို့အတွက် ဆောင်ရွက် မယ်။” လို့ ပြောပါတယ်။

ဒီးမော့ဆိုမှာဆောက်ပြီးလို့ရှိရင် လိုဘာခိုဖက် ၊ နန်းမယ်ခုံဖက်၊ ထီးဖိုးကလိုး၊  ဒေါတမကြီးကျေးရွာ အုပ်စုဘက်တွင် ဓာတ်အားလိုင်းခွဲစက်ရုံမှ လိုင်းခွဲဖြင့်ဆွဲမှာဖြစ်ပြီး မီးကြိုးများ ထရန်စဖောမာများကိုကိုယ်ထူ ကိုယ်ထပြုလုပ်နိုင်မှသာလျှင် လျှပ်စစ်မီး အမြန်ရနိုင်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က ဆက်ပြောပါတယ်။

ဦးဘိုးရယ်က “ဆွဲပေးမယ်ဆိုလဲ လောလောဆယ်အနေထားနဲ့ ဓာတ်ခွဲရုံပဲအရင် ဦးစားပေးမှာပေါ့ ဒါလဲဆွဲဖို့ အတွက်လဲ နဲ့နဲ့တော့အကြံတစ်ခုတော့ပေးရမှာပေါ့။ တကယ်လို့ ရွာမြန်မြန် ရချင်တယ် ဆိုရင်တော့ ဒီအနီးအနား ဥပမာကျနော်တို့ ဓာတ်အားစက်ရုံနဲ့နီးတဲ့ဒီပတ်ဝန်းကျင် ထီးပို့ကလိုး နောင်ပုလဲ ဒေါက လော်ဒူတို့ ပိုနီးတယ်။ နီးတဲ့အုပ်စုက မြန်မြန်ရချင်တယ်ဆိုတော့ ကိုယ့်အားကိုကိုး ထရန် စဖော်မာတွေဝယ် ကြိုးတွေ တိုင်တွေဝယ်ပြီးမှ ကိုယ့်ကိုအရင်လုပ်နိုင်မှ မြန်မြန်ရတာပေါ့။” လို့ပြောပါတယ်။

ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးမြင့်အောင်ကျော်က “ကျနော်တို့ဆွဲဖို့ အစီအစဉ်တော့ ရှိပါတယ်။ အစီအစဉ်ရှိတယ် ဆိုပေမဲ့လည်း ဒါကတော့ အစိုးရအတည်ပြုချက်ရှိမှ သေချာသိရမယ် ပြောဖို့ကတော့ အခက်အခဲရှိပါတယ်။ အစိုးရနဲ့ ပြောမှဖြစ်မည့်ကိစ္စပါ Plan ကတော့ Plan ပါပဲ။” လို့ ပြောပါတယ်။

လျှပ်စစ်ဓာတ်အား လိုင်းခွဲစက်ရုံကို ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘော်လခဲမြို့တွင် တည်ဆောက်ရန် အစီအစဉ်ရှိ ကြောင်း သိရပါတယ်။