ချင်းလူငယ်အဖွဲ့ နိုင်ငံခြားသားအပန်းဖြေ စခန်းနေရာ လေ့လာ

ချင်းလူငယ်အဖွဲ့ နိုင်ငံခြားသားအပန်းဖြေ စခန်းနေရာ လေ့လာ
by -
ခိုနူမ်းထုန်

ချင်းတောင်တွင် နိုင်ငံခြားသားများ အပန်းဖြေ စခန်းပြုလုပ်နိုင်ရန် နေရာအတွက်  ဒေါက်တာမှုထန်း (ညောင်နှစ်ပင်ညီလာခံ တက်ရောက် ခဲ့သူ) အပါအဝင် ဟားခါးမြို့ပေါ် လူငယ်များနှင့် မြို့မိမြို့ဖ ၁၅ ဦးတို့က ဇန္နဝါရီလ ၃၁ ရက်နေ့က လေ့လာမှုပြုခဲ့ကြာင်း သိရသည်။

ဟားခါးနှင့်ထန်တလန်မြို့အကြားTimit ချောင်း အနီးတဝိုက် တောင်ကုန်းနေရာများကို အဓိကထား လေ့လာခဲ့ကြကြောင်း ဟားခါးလူငယ်တဦးက ပြောသည်။

SAM 5019

“နိုင်ငံခြားသားဧည့်သည်တွေ အပန်းဖြေစခန်းအတွက် ရည်ရွယ်ထားတာပါ၊ Al Lung pu နဲ့ Nawn tlawk နေရာတွေ ကို လေ့လာကြတယ်၊ မတ်လကနေ စတင် အကောင်ထည်ဖော်ဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

အဆိုပါ Timit ချောင်းသည် ချင်းပြည်နယ်တွင် အကြီးဆုံးမြစ်ဖြစ်သော ကုလားတန် မြစ်ဖျားခံ ရာဖြစ်ပြီး  ဟားခါးမြို့မှ ၄ မိုင်၊ ထန်တလန်မြို့မှ ၁၇ မိုင်အကြား  ကားလမ်းပေါ်တွင် တည်ရှိသည်။

ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်းများဖြင့် စုဖွဲ့ထားပြီး အဖိုးတန် သစ်ခွ၊ ထင်းရူး၊ ချယ်ရီ၊ တောင်ဇလပ်ပန်း များဖြင့် အင်မတန် ကြည်နူးဖွယ်ကောင်းသည့် ဒေသဖြစ်သည်။

ပြည်ထောင်စု အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး သဘောတူညီချက်ထဲတွင် ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာလှည့် ခရီးသည်များ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ကို ပြည်ထောင် စုအစိုးရက အကောင် ထည်ဖော်ဆောင်ရွက်ရန် သဘောတူထားသည်။

Most read this week