ရန်ကုန်မြို့ရောက် တောင်ကြီးအသင်းက နှစ်စဉ်ဦးဆောင်ကျင်းပလျက်ရှိသော ဖေဖော်ဝါရီလ ရ ရက် သျှမ်းပြည် နယ်နေ့ ခေါ် သျှမ်းပြည်အမျိုးသားနေ့အား ယခုနှစ် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန် သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ လူငယ်တဦးက ပြောပါသည်။
“အရင်နှစ်တွေလိုဘဲ တောင်ကြီးအသင်းကဘဲ ဦးဆောင် ကျင်းပမှာ။ ဒါပေမယ့် ကိုးမိုင် သျှမ်းကျောင်းမှာ မဟုတ် တော့ဘူး။ ဒီနှစ်အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်။ သျှမ်းပြည် သမိုင်းကြောင်းနဲ့ဆိုင် တဲ့ပြ ခန်း ရှိမယ်။ သျှမ်း ရိုးရာအစားအစာတွေရောင်းတဲ့ဆိုင်ခန်းတွေရှိမယ်။ ဒီနှစ် ပွဲလက်မှတ်ရောင်း ကောင်း တယ် ။ ဂျန္နဝါရီလ မကုန် ခင်ကတည်းက လက်မှတ်ကုန်သလောက်ရှိနေပြီ” ဟု အဆိုပါလူငယ်က ပြော ပါသည်။
သျှမ်းပြည်နယ်နေ့အား ၁၉၉၆-၉၇ ခုနှစ်ခန့်ကတည်းက (ထိုစဉ် )စစ်အစိုးရက သျှမ်းပြည်နယ်နေ့ ဆိုင်း ဘုတ် တပ်ခွင့်မပြု ၊ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မပြုသဖြင့် ကိုးမိုင်ရှိအောင်မြေဘုံသာသျှမ်း ကျောင်း၌ သျှမ်းပြည် အမျိုးသား ပဒေသာကပွဲအမည်ဖြင့်သာ ကျင်းပခဲ့ရသည်။
ယခုနှစ်တွင်မူ စကိုင်းနက် ရုပ်သံမှလည်း မေတ္တာဖြင့် ရိုက်ကူးကာ တိုက်ရိုက်ထုတ်လွှင့်ပေမည်ဖြစ် ကြောင်း လည်း သိရပါသည်။
“ ဒီနှစ် အလှူငွေတွေလဲ ကျပ်သိန်း ၁၅၀ ဝန်းကျင်လောက်ရမယ်။ ကမ္ဘောဇဘဏ်က ကျပ်သိန်း ၅၀ ၊ ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီက ကျပ်သိန်း ၅၀ ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၅ သိန်း ကျန်တာက ဆင်ခြောက်ကောင်ဆေးတိုက်နဲ့ တခြားစီးပွါးရေးလုပ်ငန်းရှင်တွေရဲ့အလှူငွေတွေပေါ့။ ပွဲဝင်လက်မှတ်ကိုလည်း ကျနော်တို့ ကျပ် ၂၀၀၀-၃၀၀၀-၅၀၀၀ အစရှိသဖြင့် ရောင်းတယ်။ လူတွေ တော်တော် စိတ်ဝင်စားကြတယ်ဒီနှစ်။ ပြီးတော့ လူငယ်တွေလဲ တက်ကြွစွာ ပါဝင်လှုပ်ရှားကြတာကို တွေ့ရတယ်” ဟု သျှမ်းစာယဉ်အသင်း၌တက်ကြွ လှုပ်ရှားသည့်အဆိုပါလူငယ်က ဆက်လက် ပြောပြ သည်။
ဖေဖော်ဝါရီလ ရ ရက် ၆၆ နှစ်မြောက်သျှမ်းပြည်နယ်နေ့အား ရန်ကုန်ရောက် တောင်ကြီးအသင်းက ကမ ကထ ပြုကာ အမျိုးသားကဇာတ်ရုံ၌ မွန်းလွဲ ၁ နာရီ ပွဲဖွင့်လှစ် ကျင်းပမည်ဖြစ်ကြောင်း၊ ညနေ ၆ နာရီ မှစ၍ ကပွဲ ပဒေသာ ကျင်းပမည်ဖြစ်ကြောင်း ပအိုဝ်း တအာင်း လားဟူ ဓနု အင်းသား ကျောက်မဲ အသင်း သီပေါအသင်း မိုးကုတ်အသင်း ထုန့်မောဝ်အသင်း ကျိုင်းတုံအသင်း ရန်ကုန်သျှမ်းစာပေ ယဉ်ကျေးမှု အသင်းတက္ကသိုလ်များ စာပေယဉ်ကျေးမှုအသင်း နှင့်တောင်ကြီးအသင်းတို့ မှ အဆိုအကများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
သျှမ်းပြည်လူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင် ကာ သျှမ်းပြည်အလယ်ပိုင်း လဲချားစော်ဘွားနယ် ပင်လုံ၌ ၁၉၄၇ ဖေဖေါ်ဝါရီ ၃ မှ ၁၂ ရက်အထိ ၁၀ ရက်ကြာ ကျင်းပခဲ့သော ဒုတိယ ပင်လုံညီလာခံမှ ဖေဖေါ်ဝါရီ ရ ရက် သျှမ်းပြည်အမျိုးသားနေ့နှင့် ဖေဖေါ်ဝါရီ ၁၂ ပင်လုံစာချုပ်နေ့ (သို့) ပြည်ထောင်စုနေ့ ပေါ်ပေါက်စေခဲ့ သော ကမ္ဘာကျော်သမိုင်းဝင်နေ့ရက်များ ဖြစ်ပါသည်။