ဗြိတိန်သံအမတ်က ရိုဟင်ဂျာကို တိုင်းရင်းသားခေါင်းဆောင်များနှင့် တန်းတူ ပွဲထုတ်နေ၍ စိတ်ပျက်မိကြောင်းပြော

ဗြိတိန်သံအမတ်က ရိုဟင်ဂျာကို တိုင်းရင်းသားခေါင်းဆောင်များနှင့် တန်းတူ ပွဲထုတ်နေ၍ စိတ်ပျက်မိကြောင်းပြော
by -
နိရဥ္စရာ

မြန်မာတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်ဆုံတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးက ရိုဟင်ဂျာ တစ်ဦးပါ ခေါ်ထားပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အတူ ပွဲထုတ်နေတဲ့ အတွက် စိ်တ်ပျက်မိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

“ခွဲခြားဆက်ဆံတဲ့ သဘောမျိုး ပြောတာတော့ မဟုတ်ပါဘူး။ သူတို့က မြန်မာတိုင်းရင်းသား မဟုတ်ပါဘူးလို့ ပြောထားတဲ့ကြားထဲက တိုင်းရင်းသား ခေါင်းဆောင်တွေကို ခေါ်တွေ့တိုင်း သူတို့ပါလာတာက ပြောရဆိုရတဲ့ နေရာမှာ စိတ်ပျက်စရာ ကောင်းတယ်လို့”  ဦးလှစောက ပြောပါတယ်။

ဒီလ ၃၀ ရက်နေ့က ဗြိတိသံအမတ်ကြီးဟာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီက ဦးဦးလှစော၊ ချင်းပါတီက ဦးဇော်ဆန်၊ မွန်၊ကချင် စတဲ့ တိုင်းရင်း ခေါင်းဆောင်တွေနဲ့ သံရုံးကို ခေါ်ယူတွေ့ဆုံရာမှာ National Democratic Party for Development ပါတီက ရိုဟင်ဂျာ အမည်နဲ့ ခေါင်းဆောင် တစ်ဦးလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင််းသား ခေါင်းဆောင်တွေနဲ့ ဗြိတိန် သံအမတ်ကြီးတို့ တွေ့ဆုံရာမှာ တိုင်းရင်းသား ခေါင်းဆောင် တွေက ပြည်တွင်း ရပ်စဲရေး ကိစ္စ၊ လက်ရှိ ကချင်နဲ့ ဖြစ်နေတဲ့ ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စတွေကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြပေမယ့် ရိုဟင်ဂျာ ခေါင်းဆောင်ဆိုသူက ပြည်ထောင်စု ကိစ္စကို လုံးဝ စိတ်ဝင်စားမူ မရှိဘဲ ရိုဟင်ဂျာတွေ ဘယ်လိုဖိနှိပ်ခံနေရတယ်။ ဘယ်လို ခွဲခြား ဆက်ဆံ ခံနေရတယ်ဆို တာကိုဘဲ ထပ်တလဲလဲ တင်ပြနေတယ်လို့ ပြောပါတယ်။

တစ်ဘက်နဲ့ တစ်ဘက် အချေအတင် စကား မပြောလိုတဲ့ အတွက် သည်းညဉ်းခံရပေါင်းလည်း များနေပြီလို့ ဆိုပါတယ်။

ခုလို အခြေအနေတွေကြောင့် ဗြိတိန် သံအမတ်ကို ပွင့်ပွင့်လင်းလင်း မေးပြီး နောက်နောင်ဆိုရင် ဒီလို ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ အတွက် ရခိုင်တိုင်းရင်းသားတွေဘက်က စဉ်းစားရတော့မယ်လို့ ဦးလှစောက ပြောပါတယ်။

ခေါ်တဲ့ အခါမှာလည်း ဘယ်သူတွေကို ခေါ်ထားတယ်ဆိုတာကို ကြိုမပြောဘဲ တို်င်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ဆုံလိုတယ်လို့ ဖိတ်ခေါ်တဲ့ အတွက် သွားရောက်တဲ့ အခါတိုင်း ဒီလို တွေ့ရတယ်လို့ ပြောပါတယ်။

ဗြိတိန် အပါအဝင် နိုင်ငံခြား သံတမန်တွေဟာ ရခိုင်အရေးနဲ့ ပတ်သက်ရင်လည်း ကြောင့်ကြ စိုးရိမ်တာ ကလွဲပြီး ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာ ဝေခွဲမရ ဖြစ်နေကြပုံ ရတယ်လို့ ဦးလှစောက ပြောပါတယ်။

သူတို့ အနေနဲ့ အကူအညီပေးဖို့လောက်နဲ့ အဲဒါကိုဘဲ သူတို့တတ်နိုင် တယ်လို့  မြင်တဲ့ အကြောင်း ဦးလှစောက ပြောပါတယ်။

အဲဒီနေ့က တွေ့ဆုံ ဆွေးနွေးပွဲကို ဗြိတိန် သံအမတ်နဲ့ အတူ AusAid က ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

Most read this week