စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ ဟောပြောသွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ (MPC)တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
“ကျနော်တို ့ မကြာခင်မှာ ကရင်ပြည်နယ်ကို သွားမှာပါ။ အဲဒီက ဒေသခံတွေကို မကြောက်ဖို ့တရားသွား ဟောပါမယ်” ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောသည်။
ထိုသို့ ဟောပြောရခြင်းမှာ ကရင်ပြည်နယ်ရှိ ဒေသခံများမှာ နှစ် ၆၀ ကျော် စစ်ပွဲဒဏ်များ ခံစားခဲ့ရကာ တပ်မတော်အား ကြောက်ရွံ့ခြင်းနှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများအား ကြောက်ရွံ့ခြင်းများ ယခုအချိန်အထိ ခံစားနေရသောကြောင့် ဖြစ်ကြောင်း ဦးစိုးသိန်း က ရှင်းပြသည်။
မကြောက်တရား ဟောပြောမည့် အစီအစဉ်တွင် အစိုးရအဖွဲ ့အပြင်် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သင့်ပြီး ပါဝင်မည်ဆိုပါက ၎င်းတိုု့နှင့်လာရောက်ဆက်သွယ် ရမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသည်။
သမ္မတရုံးဝန်ကြီးတဦးဖြစ်သည့် ဦးအောင်မင်းက “စစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ ဒေသခံတွေဟာ စိတ်ဒဏ်ရာတွေ ရလာပါတယ်။ အဲဒီစိတ်ဒဏ်ရာ ပြင်ဖို့ဟာက ဒေသ
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးအကြီးဆုံးလုပ်ငန်းပါပဲ။ အဲဒါတွေကို ကုပေးနိုင်ဖို့ အန်ဂျီအိုတွေက အရေးကြီးဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မယုံတဲ့လူတွေ သွားကုလို့လည်း အဆင်မပြေနိုင်ဘူးလေ” ဟု ဆိုသည်။
အဆိုပါ မကြောက်တရား ဟောပြောခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ လုပ်ငန်းများဖြစ်ကြောင်း
မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးစင်တာမှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုအစီအစဉ်နှင့် ပတ်သက်၍ KNU အဖွဲ့မှ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုးကြီးဖောဒိုက “ဒီအစီအစဉ်ဟာကောင်းပါတယ်။ တပ်မတော်က ကြောက်စရာ မလိုဘူး ဆိုတာကို အစိုးရဘက်က ပြောတာကို ပြည်သူ့နားနဲ့ ဆက်ဆက်ကြားရတော့ ဒေသခံတွေရဲ ့ စိတ်ခံစားချက်တွေ ပေါ့သွားတာပေါ့” ဟု မဇ္စျိမကို ပြောသည်။
အဆိုပါ ဒေသများတွင် ငြိမ်းချမ်းရေးရရှိပြီဟု ဆိုသော်လည်း ဒေသခံများအား တပ်မတော် ဝန်ထမ်းများမှ မတရားပြုကျင့်မှုများ ရှိနေသေးပြီး တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ရှိသည်ဟု ဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးမှုများ ရှိနေသေးကြောင်း ကရင်လူမှု အဖွဲ့အစည်း တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ကျမတို့ နယ်မှာ ငြိမ်းချမ်းရေးရရှိပြီ ဆိုပေမယ့်လည်း တပ်မတော်ရဲ့ အတင်းအဓမ္မ ပြုကျင့်မှုတွေ ခံနေရတုန်းပါပဲ။ ဥပဒေအရ ခြိမ်းခြောက်မှုတွေလည်း ခံနေရပါသေးတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်သည် ပြည်တွင်း စစ်ပွဲများ အနှစ် ၆၀ ကျော် ရင်ဆိုင်ခဲ့ရသော ပြည်နယ်တခု ဖြစ်ကာ စစ်ကြောင့် တိမ်းရှောင်နေရသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များ ထိုင်းနိုင်ငံတွင် အများဆုံးနေထိုင်ကြ ရသေးသည်။ ၎င်းတို့အထဲမှ အများစုမှာ ငြိမ်းချမ်းမှု ရရှိပြီဖြစ်၍ ဒေသတွင်းသို့ ပြန်လည်ဝင် ရောက်ရန် ပြင်ဆင်နေကြောင်း ဦးအောင်မင်းက ပြောဆိုသည်။