ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် ပြန်ဆက်သွယ်ရ

ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် ပြန်ဆက်သွယ်ရ
by -
နိရဥ္စရာ

ရက်အတန်ငယ် ပျောက်ဆုံးနေခဲ့သော ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်နှင့် များမကြာမှီက ပြန်လည် ဆက်သွယ် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ရက္ခိုင်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင် ( ဓါတ်ပုံ- AA)

ရက္ခိုင့် တပ်မတော်မှ ပြောခွင့်ရသူ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်မှ ပြန်လည် ဆက်သွယ် ရရှိခြင်းကို အတည်ပြု ပြောကြားသည်။

“ဒီကနေ့ နံနက်ကဘဲ ပြန်လည် အဆက်အသွယ် ရပါတယ်။ လုံခြံုတဲ့ နေရာ ကို ပြန်လည် ရောက်ရှိနေပါပြီ။ အခုလောလောဆယ်တော့ ဒီလောက်ဘဲ အကြမ်းဖျင်းပြောလို့ ရမှာပါ” ဟု ဆိုသည်။

ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်သည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဇန္နဝါရီလ ၂၅ ရက်နေ့က အပြန် ယူနန်ပြည်နယ် ကူမင်း လေဆိပ်အရောက်တွင် တရုတ်ရဲများ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း သူက ဆက်ပြောသည်။

“တရုတ်ရဲတွေက ဖမ်းဆီးပြီး ခရီးသွားလက်မှတ်တွေကို သိမ်းဆည်းတာတွေ ရှိသလို ဆုတ်ဖြဲ ပစ်တာတွေလည်း ရှိတယ်လို့ သိရှိရတယ်။ နောက်ပိုင်းမှာ ဒီက လူကြီးတွေ၊ မဟာမိ်တ်တွေရဲ့ ကူညီ ဆောင်ရွက်ပေးမူကြောင့် အခုတော့ ဘေးကင်းတဲ့ နေရာကို ရောက်ရှိနေပါပြီ” ဟု ဆိုသည်။

ဗိုလ်မှူးကြီး ထွန်းမြတ်နိုင် ပြန်လည် လွှတ်မြောက်လာသဖြင့် ကူညီ ဆောင်ရွက်ပေးသူ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များ၊ ဖုန်းဆက်သွယ်ပြီး မေးမြန်း စုံစမ်းလာသူများ၊ သူ့အတွက် စိုးရိမ်ခဲ့ကြသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဒုဗိုလ်မှူးကြီး ညိုထွန်းအောင် မှ ပြောကြားသည်။

ရက္ခိုင့်တပ်မတော်သည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နယ်မြေတွင် အခြေစိုက်ပြီး မျိုးဆက်သစ် ရခိုင်လူငယ်များမှ  ဦးဆောင်တည်ဆောက်နေကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် အင်အား ထောင်ဂဏန်းနီးပါး ရှိနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Most read this week