မောင်တော ဗောဓိကုန်းတွင် စစ်တပ်က ပစ်၍ အရပ်သား တစ်ဦးဒဏ်ရာရ

မောင်တော ဗောဓိကုန်းတွင် စစ်တပ်က ပစ်၍ အရပ်သား တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ဗောဓိကုန်းကျေးရွာ အနီးတွင် စစ်တပ်က ပစ်ခတ်၍ အရပ်သား တစ်ဦး ဒဏ်ရာ ရရှိသွားကာ ဆေးရုံ တင်ပို့လိုက်ရသည်ဟု သိရသည်။

ဒဏ်ရာရသူမှာ ဗောဓိကုန်း ရခိုင် ကျေးရွာ အနီး မွတ်ဆလင်ရွာမှ ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောသည်။

“နာမည်တော့ မရဘူး။ ဘင်္ဂလီ အမျိုးသားဘဲ။ ဒီနေ့ နံနက် ၁၁ နာရီက ဖြစ်တာပါ။ အခု ဒဏ်ရာနဲ့ မောင်တော ဆေးရုံကို ပို့လိုက်ရတယ်။ ဒဏ်ရာပြင်းတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

စစ်တပ်က ပစ်ခတ်ခြင်းမှာ သေနတ်လု၍ ဖြစ်သည်ဟု သတင်းပျံ့နှံ့နေကြောင်း ကျေးရွာသားက ပြောသည်။

“ဖြစ်တာက သစ်တောဌာနက အဲဒီမှာ လမ်းဖေါက်နေတယ်။ အဲဒီ သစ်တောဌာနက လူတွေကို မွတ်ဆလင် အမျိုးသား တစ်စုက ဓါးနဲ့ ခုတ်မလို့ လိုက်လာတာမှာ စစ်တပ်က သွားတားတော့ စစ်သား တစ်ဦးဆီက သေနတ်လုတယ်လို့ ပြောတယ်။ ဒါကြောင့် စစ်တပ်က ပစ်တယ်လို့ သိရပါတယ်” ဟု ပြောသည်။

သို့သော်လည်း ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး နိရဥ္စရာက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Most read this week