ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများသို ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက်မှ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ငွေကျပ်သိန်း ၁၂၀ သွားရောက်လှုဒါန်းမည်ဖြစ်ကြောင်း ယင်းကွန်ယက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောသည်။
“လာမဲ့ တနင်္ဂနွေနေ ့ဇန်နဝါရီ ၂၇ ရက်နေ ့မှာ မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား ကလေးတွေ အတွက် ဖွင့်ထားတဲ့ Migrant ကျောင်းကို ကျပ်သိန်း ၁၂၀ သွားလှူဖို ့ရှိပါတယ်” ဟု ဒေါက်တာသိန်းလွင်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကွန်ယက်အနေဖြင့် ၄င်းတို ့ရန်ပုံငွေများထဲမှ တိုင်းရင်းသားဒေသများရှိ စာသင် ကျောင်းများသို ့ကျပ်သိန်း ၅၀၀ လှူဒါန်းရန် ရှိသည့်နက် ယခုလှူဒါန်းမှုမှာ ယင်းအစီအစဉ်၌ ပါ၀င်ပြီး ဇန်နဝါရီ နောက်ဆုံး အပတ်အတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကျောင်းများသို ့သွားရောက်လှူဒါန်း ရန်ရှိကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ ့ချူပ် ပညာရေးကွန်ယက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ၂၇ နှင့် ၂၈ ရက်နေ့တို့က ရန် ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုးထားသည့် ဆွယ်တာအကျီင်္နှစ်ထည် လေလံတင် ရောင်းချခဲ့ရာ စုစုပေါင်း ရန်ပုံငွေ ကျပ်သိန်း ၅၀၀၀ ကျော်ရရှိခဲ့သည်။
ထိုရောင်းချငွေထဲမှ ကုန်ကျငွေများ ပြန်နုတ်ပါက ကျပ်သိန်း ၃,၀၀၀ ကျော်ကျန်ရှိကြောင်း ယင်းရန်ပုံငွေ များထဲမှ တိုင်းရင်းသား ဒေသများသို ့ကျပ်သိန်း ၅၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။