အလိုတော်ပြည့် ဆရာတော်ကြီး မှ သီရီလင်္ကာ သမ္မတထံ စိန်ဖူးတော် ပေးအပ် လှူဒါန်း

အလိုတော်ပြည့် ဆရာတော်ကြီး မှ သီရီလင်္ကာ သမ္မတထံ စိန်ဖူးတော် ပေးအပ် လှူဒါန်း
by -
နိရဥ္စရာ

မြန်မာနိုင်ငံမှ သာသနာပြု အကျော်  အဂ္ဂမဟာ ပဏ္ဍိတ အလိုတော်ပြည့် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရိယဝံသ မှ သီရိလင်္ကာနိုင်ငံ သမ္မတကြီးထံသို့  စိန်ဖူးတော်မြတ် ပေးအပ် လှူဒါန်းခဲ့ကြောင်းသတင်း ရရှိသည်။

စိန်ဖူးတော်မှာ သီရိလင်္ကာ နိုင်ငံရှိ မဟိန္ဒလေ ဓါတု စေတီတော်မြတ်တွင် တင်လှူမည့် စိန်ဖူးတော်မြတ် ဖြစ်ကြောင်း သိရသည်။

Srilanka-president

ယခုလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၁၈ မိနစ် အချိန်က စိန်ဖူးတော်မြတ်အား ကိုလံဘိုမြို့ ဂင်္ဂါရာမ ကျောင်းတိုက်တွင် အခမ်းအနားဖြင့် သီရီလင်္ကာ သမ္မတ Mahinda Rajapaksa အား ပေးအပ် လှူဒါန်းခဲ့သည်ဟု အလိုတော်ပြည့် ကျောင်းတိုက်မှ အရှင် ကုမာရ ခေါ် ဦးဇင်း ဘီလူးက ပြောသည်။

စိန်ဖူးတော် တင်မည့် စေတီတော်မှာ သီရီလင်္ကာနိုင်ငံ မဟိန္တလေတောင် အနုရာဓမြို့မှ ၁၂ မိုင်တွင် တည်ရှိကြောင်း သိရသည်။

တောင်အာရှ နိုင်ငံ တစ်ခု ဖြစ်သော သီရိလင်္ကာနိုင်ငံသို့ အရှင်မဟိန္ဒ မထေရ်မြတ်၏ ပဌမဆုံး ဗုဒ္ဓဘာသာ ပြန့်ပွါးစေရန်  ကြွရောက် တော်မူခဲ့ပြီး အဆိုပါ နေရာမှာ ဆင်းသက် ခြေချရာ နေရာလည်း ဖြစ်ကြောင်း သိရသည်။

၎င်းတော်ပေါ်၌ ဒေဝါနံပိ ယတိဿ မင်းကြီးအား စူလဟတ္တိပ ဒေါပမ သုတ္တံကို ပဌမဦးစွာ ဟောကြားခဲ့သော နေရာလည်းဖြစ်ပြီး  မင်းကြီးနှင့်တကွ တိုင်းသူပြည်သားများ ဗုဒ္ဓဘာသာတို့ ကူးပြောင်ခဲ့သည့် နေရာလည်း ဖြစ်သည်ဟု သမိုင်း အထောက်အထားများကို ကိုးကားပြီး ဦးဇင်းကုမာရက ပြောသည်။

သီရိဓမ္မာ သောကမင်း၏ မြေးတော် သံဃမိတ္တာထေရီမ၏ သားဖြစ်သော သုမနသာမဏေက နတ်များကို တရားနာယူရန်ဖိတ် ခေါ်သော တောင်ထိပ်လည်း ဖြစ်သည်ဟု ပြောသည်။

တောင်တော်မြတ်၏ အံ့ဖွယ်ထူးခြားသော အချက်(၅)ချက် ပြည့်စုံပြီး သာသနာ အလင်းရောင် ထွန်းပြောင် စေခဲ့သော နေရာဖြစ်သောကြောင့် မဟိန္ဒလေတောင်ထိပ်ရှိ အရှင်မဟိန္ဒ သီတင်းသုံးခဲ့ရာ ဓါတု စေတီတော် မြတ်တွင် အလိုတော်ပြည့် ဆရာတော်ကြီးမှ  စိန်ဖူးတော် လှူဒါန်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

အလိုတော်ပြည့် ဆရာတော်သည်  မြန်မာနိုင်ငံမှ တပည့် ဒကာ ဒကာမများ၊ အမေရိကန်နိုင်ငံရှိ တပည့် ဒကာ ဒကာမ များဖြင့်  သီရီလင်္ကာ နိုင်ငံသို့ ဇန္နဝါရီလ ၁၇ ရက်က ရောက်ရှိခဲ့ရာ သီရိလင်္ကာနိုင်ငံ ကိုလံဘို လေဆိပ်တွင် နိုင်ငံ ၀န်ကြီးများ၊ အစိုးရအရာရှိကြီးများ၊ မြို့တော်ဝန်နှင့် လွတ်တော် အမတ်များက ကြိုဆို ခဲ့ကြသည်ဟု သိရသည်။

စိန်ဖူးတော် လှူဒါန်းသည့် အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံ သမ္မတနှင့် အစိုးရ အဖွဲ့ဝင်များ သံဃာ မဟာ နာယက မဟာထေရ်မြတ်တို့လည်း တက်ရောက်ခဲ့ပြီး အခမ်းအနားတွင်  အလိုတော်ပြည့် ဆရာတော်ကြီးမှ စိန်ဖူးတော် လှူဒါန်းရသည့် အကြောင်နှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်ဟု သတင်း ရရှိသည်။

Most read this week