ယနေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က ဖါးကန့်နှင့် (၁၅)မိုင်ခန့်ဝေးသည့် KIA တပ်ရင်း (၆) လက်အောက်ခံ တပ် ခွဲ (၉) စခန်းဖြစ်သော ညောင်ထောက် စခန်းကို အစိုးရ တပ်ဖွဲ့က တိုက်ခိုက် ခဲ့သည်ဟု တပ်ရင်း (၆) မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲက ဆိုသည်။
“ကျနော်တို့ကို ဒီနေ့ညနေ (၅) နာရီ အချိန်ထိ တိုက်နေတုန်းပါ။ တပ်ရင်း (၂) ရင်းကို စစ်ကြောင်း ၂ ကြောင်းဖွဲ့ပြီး တော့ လာတိုက်တာဖြစ်တယ်။ စစ်ကြောင်း နှစ်ကြောင်းဆိုတော့ အင်အားက အများဆုံးမှ (၂၅၀) ဘဲ ရှိမယ်။ ကျနော်တို့ တပ်ခွဲ (၉) ရဲ့ အခြေအနေကတော့ ကောင်းနေဆဲပါ။” ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲ၏ ထိခိုက် ဒဏ်ရာရရှိမှု အသေးစိတ်ကိုမူ မသိရသေးကြောင်းနှင့် ဇန္နဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များက
ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ် ကျေးရွာအနီးရှိ မက်(စ်) မြန်မာနှင့် ကြိုင် ကျောက်စိမ်း ကုမ္ပဏီ နှစ်ခုကို KIA တပ်ဖွဲ့က သွားရောက် မီးရှို့ခဲ့သည့် အကြောင်းပြချက်အရ ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရဘက်က ရွာသားများထံ ပြောဆိုကြောင်း သိရသည်။
KIA မှ အဆိုပါ ကုမ္ပဏီများကို သွားရောက် ဖျက်ဆီးခြင်း မရှိခဲ့ကြောင်း ငြင်းဆိုလိုက်ပြီး အစိုးရ တပ်အနေဖြင့် KIA တပ်မဟာ (၂) ကိုစစ်ဆင်ရေး ပြုလုပ်လို၍ ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။
“ဆိုင်းဂျာဘွမ် ကျေးရွာ အနီးမှာ ကျနော်တို့ KIA တပ်ဖွဲ့တွေ မရှိဘူး။ အစိုးရ ဘက်က တပ်စွဲထားတဲ့နေရာပါ။ မသင်္ကာစရာ ရှိရင် အစိုးရ တပ်ဖွဲ့က လှမ်းပြီး ပစ်ခတ်လေ့ ရှိတဲ့ နေရာပါ။ တကယ်တော့ ကျနော်တို့က အစိုးရတပ်ဖွဲ့တွေ စွပ်စွဲ သလိုမျိုး မဟုတ်ပါဘူး။ ယခုလို အခြေအနေမျိုးမှာ အဲဒီ ကုမ္ပဏီကို သွားဖျက်ဖို့ မပြောနဲ့ ကျနော်တို့က အဲဒီကုမ္ပဏီကို ပြန်စည်းရုံး ရမယ့်အချိန်ပါ။” ဟု ဒုတိယဗိုလ်မှူးကြီးက ဆိုသည်။