ရန်ကုန်-တောင်ကုတ်လမ်းတွင် အောင်သစ္စာကား တိမ်းမှောက် ၁၆ ဦး ဒဏ််ရာရ

ရန်ကုန်-တောင်ကုတ်လမ်းတွင် အောင်သစ္စာကား တိမ်းမှောက် ၁၆ ဦး ဒဏ််ရာရ
by -
နိရဥ္စရာ

ရန်ကုန်မှ သံတွဲသို့ မောင်းနှင်လာသော  အောင်သစ္စာကား ယနေ့ နံနက် ၃ နာရီခန့်တွင် ရခိုင်ရိုးမတွင် ချောက်ထဲ ထိုးကျပြီး တိမ်းမှောက်သွားသဖြင့် ခရီးသည် ၁၆ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်က ကားလမ်း။

ယခုအခါ ဒဏ်ရာရသူများမှာ တောင်ကုတ် ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ထိုအထဲမှ (၃) ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိသည်ဟု သိရသည်။

ဘတ်စ်ကားမှာ  တောင်ကုုတ်မြို့မှ မိုင် ၃၀ ခန့်အကွာ နေပူတောင် အရောက်တွင် ကားကို ထိမ်းမနိုင်ဘဲ ဖြစ်ပြီး ချောက်ထဲကို ထိုးကျသွားခြင်းဖြစ်သည်ဟု ခရီးသည်များကို ကိုးကားပြီး တောင်ကုတ် ဒေသခံ ကိုမင်းအောင်က နိရဥ္စရာကို ပြောသည်။

၎င်းပြင် သေဆုံးမူများလည်း ရှိနေကြာင်း တောင်ကုတ်ဆေးရုံကို ရောက်နေသူ ကိုမင်းအောင်က ပြောသည်။

“အသေအပျောက်တော့ ရှိနေပါတယ်။ အတိအကျတော့ မသိရသေးဘူး။ အခု လမ်းမှာ လာနေတုန်းပါ။ အခု ဆေးရုံကို ရောက်နေတာကတော့ ၁၆ ဦးရှိနေပြီ၊ အဲဒီအထဲမှာ ၃ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ကျန် ၁၃ ဦးကတော့ ထူထူ ထောင်ထောင်ရှိပါတယ်။”

ကားမှာ နေပူတောင်အနီးရှိ တောင်ဆင်းလမ်းတွင် ချောက်ထဲသို့ ထိုးကျသဖြင့် ချောက်ထဲမှ ကားလမ်းမပေါ် ပြန်ရောက်အောင် နာရီဝက်ခန့်  ပြန်တက်ရသဖြင့် လူနာများကို ကယ်ဆယ်ရာတွင်  အခက်အခဲနှင့် ကြန့်ကြာမူများ ရှိနေသည်ဟုလည်း ကိုမင်းအောင်က ပြောသည်။

အသေအပျောက် ရှိ မရှိကို နိရဥ္စရာက ဆက််လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။

Most read this week