တောင်ကုတ် ကားတိမ်းမှောက်မူ အနည်းဆုံး လူ ၁၄ ဦးသေဆုံး

တောင်ကုတ် ကားတိမ်းမှောက်မူ အနည်းဆုံး လူ ၁၄ ဦးသေဆုံး
by -
နိရဥ္စရာ

အခု နောက်ဆုံး ရရှိတဲ့ သတင်းအရ တောင်ကုတ်မှာ ကားတိမ်းမှောက်တာမှာ လူပေါင်း ၁၄ ဦးသေဆုံးသွား တယ်လို့ သိရပါတယ်။

ရိုးမပေါ်မှာ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်။ (ဓါတ်ပုံ- နိရဥ္စရာ)

အခုအချိန်ထိ အလောင်းတွေကို တောင်အောက်ကနေ တောင်ပေါ်ကို သယ်ယူနေကြတယ်လို့ ဒေသခံတွေက နိရဥ္စရာကို ပြောပါတယ်။ ဒဏ်ရာရသူက (၂၀) ခန့်ရှိပြီး အခု တောင်ကုတ် ဆေးရုံကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

အခု တိမ်းမှောက်သွားတဲ့ကားဟာ ရန်ကုန်ကနေ သံတွဲကို မောင်းနှင် လာတဲ့ အောင်သစ္စာကား ဖြစ်ပြီး  တောင်ကုတ်က မိုင် (၃၀) အကွာ ရိုးမထဲမှာ ကားကို မထိန်းနိုင်ဘဲ ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ တောင်အောက်ကနေ တောင်ပေါ်ကို လူတွေကို ဆွဲတင်နေရတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ရာမှာ နှောင့်နှေးကြန့်ကြာမူတွေ ရှိနေတယ်လို့ ပြောပါတယ်။

ကားမတော် တဆ ဖြစ်မူဟာ ဒီကနေ့ နံနက် ၃ နာရီခွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာသက်ဆိုင်ရာ က ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

Most read this week