ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် လမ်းလျှောက်ပွဲတွင် အမာခံ လှုပ်ရှားသူအနေဖြင့် သံဃာတော် နှစ်ပါး ပါ၀င်မည်ဟု ဆန္ဒပြုပွဲတွင်ပါ၀င်သူ ကိုဇင်ကိုမှ ပြောသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွက် ရန်ကုန်မှ ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေး လမ်းလျှောက် ဆန္ဒပြုပွဲကို ယနေ့ နံနက် ရ နာရီတွင် ဆူးလေဘုရားအနီးမှ စတင်ထွက်ခွာခဲ့ကြသည်။ အဆိုပါဆန္ဒပြုပွဲတွင် ပါ၀င်သည့် အမာခံအဖွဲ့ဝင် နှစ်ဆယ့်တစ်ဦး ရှိပြီး သံဃာနှစ်ပါး ပါ၀င်လှုပ်ရှားသည်ဟု ကိုဇင်ကိုမှပြောသည်။
၎င်းက “ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို ့ ဦးတည်ပြီး အခုလို လမ်းလျှောက်နေတာဖြစ်ပါတယ်။” ပာု ဖုန်းမှတစ်ဆင့် ပြောကြားသည်။
အဆိုပါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြုသူများအဖွဲ ့အား ငြိမ်ချမ်းရေးလိုလားသော လူငယ်များအဖွဲ ့ ပာု အမည်ပေးထားကာ လှုပ်ရှားသူများတွင်လည်း အန်အယ်ဒီ ပါတီမှ လူငယ်များ အများဆုံး ပါ၀င်ကြောင်း သိရသည်။
ယခုလှုပ််ရှားနေသော ငြိမ်းချမ်းရေး လိုလားသည့် လူငယ်များအဖွဲ ့သည် နေ့လည် ၁၁ နာရီ ၂၀ တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် စော်ဘွားကြီကုန်းလမ်းဆုံသို ့ ရောက်ရှိပြီဖြစ်ကာ အများပြည်သူ ဦးရေ ၅၀ ခန့် လိုက်ပါ၍ ပဲခူး မြို့နယ်အထိ လိုက်လံပိုဆောင်ကြမည်ဖြစ်ကြောင်း လိုက်လံပို့ဆောင်သူ တစ်ဦးထံမှသိရသည်။
“ကျွန်မတို ့ လူငယ်တွေရဲ့ လှုပ််ရှားမှုကို ကြို ဆိုတဲ့ အနေနဲ ့ လိုက်ပါ ပို့ဆောင်နေတာပါ။” ပာု လိုက်ပါပို့ဆောင်သူ ဒေါ်နော်အုန်းလှက ပြောသည်။
အဆိုပါ ငြိမ်ချမ်းရေးလိုလားသော လူငယ်များ အဖွဲ့သည် ရန်ကုန်မှ ကချင်ပြည်နယ်ရှိ စစ်ဖြစ်ပွားရာဒေသများ သို ့အချိန် ၁ လခွဲနှင် ့ အရောက်သွားကြမည်ဖြစ်ပြီး စားနပ်ရိက္ခာများ သယ်ဆောင်သွားခြင်း မရှိဘဲ ငွေကြေး အလုံအလောက်သာ ထည့်ဆောင်သွားကြောင်းဆန္နပြုမှု လှုပ််ရှားသူ ကိုဇင်ကို၏ ပြောကြားချက်များအရသိရ သည်။
လမ်းလျှောက်ဆန္ဒပြုမှုများသည် ပဲခူး၊ တောင်ငူ၊ မန္တလေး စသည် ့မြို့များတွင် ခရီလမ်းတစ်ထောက် အနားယူမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်းသိရသည်။
လမ်းလျှောက် ဆန္ဒပြုရာတွင် တစ်နာရီ ၄ မိုင်နှုန်းဖြင့် တစ်ရက်လျှင် ပုံမှန်(၁၀)နာရီခန့် လျှောက်မည် ဖြစ်ပြီး ဗိုလ်ချူပ် အောင်ဆန်းမွေးနေ့တွင် ရောက်ရာ အရပ််တွင် အလံဖြူများစိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို ့လမ်းလျှောက်ဆန္ဒပြုမှုအား ခွင့်ပြုမိန့်တောင်ခံထားခြင်းမရှိပဲ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်ထဲရေး ၀န်ကြီး ဋ္ဌာန၊ ရဲချုပ်အဖွဲ့ များသို့ စာပို့ထားကြောင်း သိိရသည်။