Dr- အေးကျော် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ အခမ်းအနား နယူးယောက်တွင် ကျင်းပ

Dr- အေးကျော် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ အခမ်းအနား နယူးယောက်တွင် ကျင်းပ
by -
နိရဥ္စရာ

ဒေါက်တာအေးကျော် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ ဆွမ်းကျွှေးပွဲအခန်းအနားတရပ်ကိုု အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့တွင် ဆရာကြီး၏ တပည့်သားသမီးများမှ  ပြုလုုပ်ခဲ့ကြသည်။

အခမ်းအနားကို ဇန္နဝါရီလ ၁၉ ရက်နေ့က ကျင်းပရာ တပည့်သားသမီးများအပါအဝင် ဆရာကြီးကြည်ညို လေးစားသူ စုုစုုပေါင်း လူ ၅၀ ကျော်ခန့်တက်ရောက်ခဲ့ကြသည်။

ဆရာကြီးကို လေးစားချစ်ခင်လျှင် ဆရာကြီးမှာကြားခဲ့တဲ့ အတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့လိုကြောင်း အခမ်းအနားသို့ ကြွရောက်ခဲ့သူ ဒေါက်တာ အသျှင် နာယကမှ သူ၏ သြဝါဒစကား မိန့်ခွန်းတွင် တက်ရောက်လာသူများအား ပြောကြားသည်။

”တကာကြီး ဒေါက်တာအေးကျော်ကိုု  အမှန်တကယ် လေးစားကြတယ်ဆိုုရင် တကာကြီးရဲ့ မှာကြားခဲ့တဲ့ စကားတွေကိုု မမေ့ကြဖိုု့နဲ့။ တကာကြီး ဒေါက်တာ အေးကျော် ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကိုု အကောင်အထည်ဖေါ် လုုပ်ဆောင်ခြင်းဖြင့် တကာကြီးကိုု သူ့ကို ဂုုဏ်ပြုရာ ကျေးဇူးဆပ်ရာ ရောက်ပါတယ်” မိန့်ကြားသည်။

ဆရာကြီး နှစ်ပတ်လည်နေ့ အခမ်းအနား ဖြစ်မြောက်အောင် ဦးဆောင်ပြုလုပ်သူများထဲမှ တစ်ဦး ဖြစ်သည့် ကိုတင့်ဝေကလည်း ဆရာကြီးအား ရခိုင်လူငယ်များ အတုယူနိုင်စေဖို့ ရည်ရွယ်ချက်ဖြင့် အခမ်းအနားကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောသည်။

“ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားထဲက အလွန်တရာ ရှားပါးတဲ့ ပညာရှင်ကြီးတဦး၊ ရခိုင်အမျိုးသား ရေးရာ၊ ရခိုင်အချုပ်အခြာ အာဏာ ပြန်လည် ရရှိရေး၊ ရခိုင်သမိုင်းများ တည်တန့်ခိုင်မြဲရေး တွေကို ကြိုးစား အားထုတ်ခဲ့တဲ့ ဆရာကြီး တယောက်ဖြစ်တယ်။ အဲဒီလို ရခိုင် လူမျိုး အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် တစ်ဦး ကွယ်လွန် အနိစ္စ ရောက်သွားတာဟာ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံး အတွက် အလွန်တရာ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းပြင် သူက “ဆရာကြီး ကွယ်လွန်ခဲ့ပေမယ့်လိုု့ ဆရာကြီးဟာ ရခိုင် လူမျိုးတွေ အတွက် မမေ့ပျောက် မမေ့ပျောက်အပ်တဲ့ သူတစ်ဦး ဖြစ်တယ်။ သူရဲ့ ပုံုရိပ်တွေကိုု နောင်လာ နောက်သား မျိုးဆက် ရခုုိင်လူငယ်တွေ အတွက် အားကျအတူယူဖွယ် ဖြစ်နေစေဖိုု့ ရည်ရွယ်ပြီး ဆရာကြီးကွယ်လွန်တဲ့ နှစ်ပတ်လည် ဆွမ်းကျွှေးပွဲ အခမ်းအနားကိုု ကျွန်တော််တို့ ပြုလုုပ်ရတာဖြစ်တယ်″ ဟု ပြောသည်။

ရခိုင် သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် သည် ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၁၉  ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့ရှိ Maimonides Medical Center ဆေးရုံသို့ တက်ရောက် ကုသနေစဉ် အဆိုပါ ဆေးရုံ၌ပင် ကွယ်လွန်သွာသည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးမှာ အသက် (၇၇) ရှိကြောင်း သိိရသည်။

Most read this week