Citizen Journalist and Online Media သင်တန်း အာဏာပိုင်များ ဟန့်တား

by -
နိရဥ္စရာ

မင်းပြားမြို့တွင် ဒေသခံ လူငယ်များ  ပြုလုပ်ခဲ့သော Citizen Journalist and Online Media သင်တန်းကို မြို့နယ် အာဏာပိုင်များက လာရောက်ဟန့်တားသဖြင့် ရပ်နားလိုက်ရသည်ဟု သတင်းရရှိသည်။

Citizen-Journalist-(CJ)-and-Online-Media
သင်တန်းကို လူငယ်များဦးဆောင်ပြီး မင်းပြားမြို့ မြိုနယ် ဓမ္မာရုံတွင် ဇန္နဝါရီလ ၁၂ ရက်နေ့က ပို့ချခဲ့သည်။

အာဏာပိုင်များက လာရောက်ဟန့်တားသဖြင့် ရပ်နားလိုက်ရကြောင်း လူငယ်တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုခိုင်ပြည်ကျော်က နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ မြို့လယ်ဓမ္မာရုံမှာလုပ်နေကြပါတယ်။ အာဏာပိုင်တွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ လဝကရေ နောက်ပြီးတော့ မြို့ပေါ် မှာရှိတဲ့ အာဏာပိုင်သူတွေ ရောက်ရှိလာပြီး နယ်မြေ ဒေသ မငြိမ်သက်မူတွေ ရှိတဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်မှာကို စိုးရိမ်ပြီး လူစုလူဝေးစုဝေးတွေ မလုပ်ရဆိုပြီး ဟန့်တားတဲ့ အတွက် သင်တန်းကို ရပ်နားလိုက်ရပါတယ်” ဟု ဆိုသည်။

သင်တန်းကို ဇန္နဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း ယခုကဲ့သို့ အာဏာပိုင်များ က လာရောက်ဟန့်တားမှုကြောင့် ၁၂ ရက်နေ့တစ်ရက်သာ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ Citizen Journalist (CJ) and Online Media သင်တန်းကို သင်တန်းသားအဖြစ် ၁၀၀ ခန့်ပါ၀င်ပြီး သတင်းအချက် အလက် လာရောက် ရှာဖွေသူ၊ လေ့လာသူများအပါအဝင် စုစုပေါင်း ၂၀၀ ခန့်တက်ရောက် ခဲ့သည်ဟု သိရသည်။

ဇန္နဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၀ံလက်ဖေါင်ဒေးရှင်းက ဦးဆောင် ပြုလုပ်နေသော အရပ်ဖက် ဆိုင်ရာ လူ့အဖွဲ့အစည်း အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲကို ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် အမိန့်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နုက စာပေးပြီး တားမြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။

Citizen Journalist and Online Media သင်တန်း အာဏာပိုင်များ ဟန့်တား

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ဒေသခံ လူငယ်များ  ပြုလုပ်ခဲ့သော Citizen Journalist and Online Media သင်တန်းကို မြို့နယ် အာဏာပိုင်များက လာရောက်ဟန့်တားသဖြင့် ရပ်နားလိုက်ရသည်ဟု သတင်းရရှိသည်။

ဇန္နဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၀ံလက်ဖေါင်ဒေးရှင်းက ဦးဆောင် ပြုလုပ်နေသော အရပ်ဖက် ဆိုင်ရာ လူ့အဖွဲ့အစည်း အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲကို ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် အမိန့်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နုက စာပေးပြီး တားမြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။izen Journalist and Online Media သင်တန်း အာဏာပိုင်များ ဟန့်တား

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ဒေသခံ လူငယ်များ  ပြုလုပ်ခဲ့သော Citizen Journalist and Online Media သင်တန်းကို မြို့နယ် အာဏာပိုင်များက လာရောက်ဟန့်တားသဖြင့် ရပ်နားလိုက်ရသည်ဟု သတင်းရရှိသည်။

Citizen-Journalist-(CJ)-and-Online-Media

သင်တန်းကို လူငယ်များဦးဆောင်ပြီး မင်းပြားမြို့ မြိုနယ် ဓမ္မာရုံတွင် ဇန္နဝါရီလ ၁၂ ရက်နေ့က ပို့ချခဲ့သည်။

အာဏာပိုင်များက လာရောက်ဟန့်တားသဖြင့် ရပ်နားလိုက်ရကြောင်း လူငယ်တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုခိုင်ပြည်ကျော်က နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ မြို့လယ်ဓမ္မာရုံမှာလုပ်နေကြပါတယ်။ အာဏာပိုင်တွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ လဝကရေ နောက်ပြီးတော့ မြို့ပေါ် မှာရှိတဲ့ အာဏာပိုင်သူတွေ ရောက်ရှိလာပြီး နယ်မြေ ဒေသ မငြိမ်သက်မူတွေ ရှိတဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်မှာကို စိုးရိမ်ပြီး လူစုလူဝေးစုဝေးတွေ မလုပ်ရဆိုပြီး ဟန့်တားတဲ့ အတွက် သင်တန်းကို ရပ်နားလိုက်ရပါတယ်” ဟု ဆိုသည်။

သင်တန်းကို ဇန္နဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း ယခုကဲ့သို့ အာဏာပိုင်များ က လာရောက်ဟန့်တားမှုကြောင့် ၁၂ ရက်နေ့တစ်ရက်သာ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ Citizen Journalist (CJ) and Online Media သင်တန်းကို သင်တန်းသားအဖြစ် ၁၀၀ ခန့်ပါ၀င်ပြီး သတင်းအချက် အလက် လာရောက် ရှာဖွေသူ၊ လေ့လာသူများအပါအဝင် စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

ဇန္နဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၀ံလက်ဖေါင်ဒေးရှင်းက ဦးဆောင် ပြုလုပ်နေသော အရပ်ဖက် ဆိုင်ရာ လူ့အဖွဲ့အစည်း အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲကို ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် အမိန့်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နုက စာပေးပြီး တားမြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။

Most read this week