မူဆယ်တွင်် အိမ်ထောင်စုစာရင်းများ အိမ်ရှေ့ကပ်ခိုင်းထား

မူဆယ်တွင်် အိမ်ထောင်စုစာရင်းများ အိမ်ရှေ့ကပ်ခိုင်းထား
by -
စိုင်းအောင်
သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင်တွင် လွန်ခဲ့သည့် လပိုင်းကစ၍  ရပ်ကွက်နှင့်ကျေးရွာများရှိ အိမ်ထောင်စုဝင်များ၏ အမည်စာရင်းများ အိမ်ရှေ့ထုတ်ကပ်ထားရန် အာဏာပိုင်များက ညွန်ကြားထားကြောင်း သိရသည်် ...

သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင်တွင် လွန်ခဲ့သည့် လပိုင်းကစ၍  ရပ်ကွက်နှင့်ကျေးရွာများရှိ အိမ်ထောင်စုဝင်များ၏ အမည်စာရင်းများ အိမ်ရှေ့ထုတ်ကပ်ထားရန် အာဏာပိုင်များက ညွန်ကြားထားကြောင်း သိရသည််။

မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်း ကြူကုတ်-ပန်ဆိုင်း မြို့နယ်များနှင့် ကျေးရွာများတွင် အာဏာပိုင်များက ဧည့်စာရင်းစစ်ဆေးလျင် လွယ်ကူစေ ရန်နှင့်လူစိမ်းအဝင်အထွက်များကို စီစစ်ကြတ်မတ်နိုင်ရန်အတွက် ယခုကဲ့သို့ အိမ်ထောင်စုစာရင်းများ အိမ်ပြင်ထုတ်ကပ်ခိုင်းခြင်းဖြစ်ကြောင်း
မူဆယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“မယကက ကပ်ခိုင်းထားတာ အကုန်လုံးပဲ မူဆယ် နမ့်ခမ်း ပန်ဆိုင်း အိမ်တိုင်းကပ်ထားတယ် အကြောင်းပြချက်ကတော့ ဧည့်စာရင်းစစ်ဖို့ အတွက်လို့ပြောတယ် နေပြည်တော်က အမိန့်ထုတ်ထားတယ်ထင်တယ်”လို့သူကပြောသည်။

နမ့်ခမ်းဒေသခံတစ်ဦးကလည်း အခုလိုပြောပြသည် “ဟုတ်တယ်ဗျ ကြာပြီတစ်လလောက်ရှိပြီ အိမ်ထောင်စုစာရင်းတွေ စာကြည့်တိုက်မှာ မိတ္တူ ၃စုံကူးခိုင်းပြီး ဥက္ကဌကတစ်ရွက် လဝက ကတစ်ရွက် လာစစ်တဲ့ဘယ်အဖွဲ့လည်းမသိဘူး တစ်ရွက်ယူတယ် ကျနှော်တို့ကိုတစ်ရွက် ပြန်ပေးလာ တယ် အဲဒါနဲ့အိမ်မှာကပ်ထားလိုက်တယ်” လို့သူကပြောသည်။

“သူတို့ပြောတာကတော့ အိမ်တစ်အိမ်ကိုဘယ်နှစ်ယောက်ရှိတယ်ပေါ့ တခြားဘယ်သွားတယ်ဆိုတာ သိအောင်လို့ပေါ့” လို့သူက ပြောသည်။

ဒေသခံများအနေဖြင့် အာဏာပိုင်များ ခဏခဏ အကြပ်အတည်းတွေပဲ လုပ်ခိုင်းနေသဖြင့် ဦးနှောက်ခြောက်ကြောင်းလူစိမ်းတွေဝင်လာလျင် သိအောင်လုပ်ချင်၍ ယခုလိုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ပြောပြကြသည်။

သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း အာဏာပိုင်များက အိမ်ထောင်စုဝင်များစာရင်းကို ပေါ်ပေါ်ထင်ထင် အိမ်ရှေ့ကပ်ခိုင်းနေသည့် အပြင် နယ်စပ်တစ်လျောက်လမ်းသွားလမ်းလာ လူစိမ်းများကိုလည်း ရှောင်တခင် ရှာဖွေစစ်ဆေးမှု့များလည်း ပြုလုပ်နေကြောင်း သိရသည်။

Most read this week