ယာဘား ဆေးပြားများနှင့် အတူ နယ်စပ်တွင် ရခိုင်နှင့် မွတ်ဆလင်များ အဖမ်းခံရ

ယာဘား ဆေးပြားများနှင့် အတူ နယ်စပ်တွင် ရခိုင်နှင့် မွတ်ဆလင်များ အဖမ်းခံရ
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ် နိုင်ငံ  မြစ်နားရွာမှ  ရခိုင်အမျိုးသား နှစ်ဦးနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် သုံးဦးကို ယာဘားဆေးပြား များနှင့်အတူ ဘင်္ဂလာဒေချ့် အာဏာပိုင်များက နယ်စပ်တွင် သီးခြားစီ ဖမ်းဆီးခဲ့သည်။

မြစ်နားရွာမှ ရခိုင် ၂ ဦးကို ဇန္နဝါရီလ ၆ ရက်နေ့က ယာဘား ဆေးပြား ၄၀၀၀ နှင့် အတူ ဘင်္ဂလာဒေချ့် အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။

Teknaf-Pic-a-07-01-2013 1

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုမောင်စံအေး(၃၅)နှင့် မင်းကျော်(၁၈)နှစ် တို့ ဖြစ်ကြသည်။

သူတို့ နှစ်ဦးအား တက်ကနက်အခြေစိုက် ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့် တပ်ဖွဲ့ (BGB) အမှတ် (၄၂)မှ ဇန္နဝါရီလ ၆ ရက် နံနက် ရ နာရီတွင် ဖမ်းဆီးခံရသည်ဟု ကော့စ်ဘဇားထုတ် သတင်းစာ များက ပြောသည်။

ယာဘာဆေးပြား ၄၀၀၀ ၏ လက်ရှိ တန်ဖိုးမှာ တာကာ တစ်ဆယ့် သုံးသိန်းကျော်ဖိုး  ရှိသည်ဟု ဆိုသည်။

အလားတူ မြန်မာနိုင်ငံမှ မွတ်ဆလင် (၃) ဦးကိုလည်း ယာဘား ဆေးပြား ၃၀၀၀ နှင့် အတူ လွန်ခဲ့သော သောကြာနေ့က ဘင်္ဂလာဒေချ့် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ချောင်ချူ အာလာန် (၂၄) နှစ်၊ အန်ဆာ အာလောင် (၂၆) နှစ်နှင့် ကာမဲလ် ဟူစိန် တို့ဖြစ်ကြပြီး မောင်တောမြို့နယ်မှ ဖြစ်ကြသည်ဟု ဇန္နဝါရီလ ၆ ရက်နေ့စွဲဖြင့် ထုတ်ဝေသော The Independent သတင်းစာတွင် ဖေါ်ပြသည်။

သူတို့ (၃) ဦးသည် စက်လှေ တစ်စီးဖြင့် အဆိုပါ ယာဘားဆေးပြားများကို ဘင်္ဂလာဒေချ့် နိုင်ငံအတွင်းသို့ သွင်းယူလာစဉ် ဆင်မဖြူကျွန်းအနီးတွင် ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု အရှေ့ဇုံ ကမ်းခြေစောင့် တပ်ဖွဲ့ တပ်မှူး  Abu Md Akik က ပြောသည်။

Most read this week