KIO အား လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဟုဆို

KIO အား လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဟုဆို
by -
မဇ္စျိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဖုန်းပျဉ်ဘွမ် ရှေ့တန်းစခန်းစခန်း အနီးတဝိုက်အား အစိုးရတပ်မှ လေကြောင်းတိုက်ခိုက်မှုများ အင်္ဂါနေ့တွင်လည်း ဆက်လက် ရှိနေသည်ဟု KIO ၏ မဟာမိတ်
ကျောင်းသား တပ်မတော်(မြောက်ပိုင်း) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေး က ပြောသည်။  

မွန်းလွဲ တနာရီချိန်တွင် တိုင်လေယာဉ် နှစ်စင်း ဖုန်းပျဉ်ဘွမ်စခန်းအား လာရောက် ပစ်ခတ်သွားခဲ့ပြီးနောက် ၂ နာရီခွဲ ချိန်တွင် ရဟတ်ယာဉ် သုံးစင်းနှင့် တိုက်လေယာဉ် နှစ်စင်းမှာ လဂျားယန်ကျေးရွာ အနီးသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်
ဟု မဇ္စျိမကို ပြောသည်။  

“အပေါ်ကနေ ရောကက်ဒုံးတွေ ပစ်သွားတယ်။ စက်သေနတ်တွေနဲ့ ပစ်သွားတယ်။ နာရီဝက်လောက်ကြာ ပစ်သွားတယ်။ လဂျားယန်တချို့အိမ်တွေ မီးလောင်နေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။  

KIO ၏ ဖုန်းပျဉ်ဘွမ်စခန်းဘက်သို့ အစိုးရ၏ စစ်ကြောင်း နှစ်ကြောင်း ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် KIA တပ်ဖွဲ့များနှင့် မြေပြင် တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မဇ္စျိမအနေနှင့် သီးခြား အတည်ပြုချက် မရယူနိုင်သေးပေ။

Most read this week