ပေါက်တောမြို့နယ် သဲခုံရွာမှ ရေလုပ်သား တစ်ဦး ပင်လယ်ပြင်တွင် သေနတ်ပစ်ခံရ

ပေါက်တောမြို့နယ် သဲခုံရွာမှ ရေလုပ်သား တစ်ဦး ပင်လယ်ပြင်တွင် သေနတ်ပစ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဲခုံကျေးရွာမှ  ရေလုပ်သားတစ်ဦး သေနတ် ပစ်ခံရ၍ ဒဏ်ရာ ရရှိသွားသဖြင့် စစ်တွေ ဆေးရုံကြီးသို့ အရေးပေါ် လူနာ အဖြစ် တင်ပို့လိုက်ရသည်ဟု သိရသည်။

ကိုချင်းတောင် အား စစ်တွေဆေးရုံသို့ ပို့ဆောင်နေစဉ်။ ( ဓါတ်ပုံ- Coral Arakan)

သေနတ်ပစ်ခံရသူမှာ ဦးထွန်းဗိုခိုင်၏သား ကိုချင်းတောင်း ( ၃၄ ) နှစ် ဖြစ်သည်။

ယနေ့ နံနက်  ၃ နာရီခန့်တွင်  စစ်တွေမြို့ တောင်ဘက်ရှိ အိုင်စတား မီးပြအနီး ငါးဖမ်းသင်္ဘော တစ်စီးမှ ငါးများ ၀ယ်ယူပြီး  အပြန်တွင် အမည်မသိ စက်လှေ တစ်စီးမှ အနီးကပ် တူးမီး သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရသဖြင့် ကိုချင်းတောင်း၏ ၀မ်းဗိုက်နှင့် ခြေထောက်တွင် ဒဏ်ရာများရရှိသွားခဲ့သည်ဟု သိရသည်။

စက်လှေပေါ်တွင် ကိုချင်းတောင်းနှင့် အတူ လှေဦးစီး(ပဲ့နင်း) ဦးသန်းစိန်မောင် အပါအဝင် လူ ၄ ဦး ပါရှိသည်ဟု ပြောသည်။

ပစ်ခတ်သွားသူများမှာ မည်သူ မည်ဝါဟု မသိရှိရသေးသော်လည်း စက်လှေပေါ်တွင် ကိုချင်းတောင်နှင့် ပါလာသူများက ဘင်္ဂလီ ငါးဖမ်း စက်လှေမှ ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ယနေ့နံနက် ကိုချင်းတောင်းအား စစ်တွေ ဆေးရုံကြီးသို့ ပို့ပေးခဲ့သည်ဟု သိရသည်။

ယခု ဒဏ်ရာရရှိနေသော ကိုုချင်းတောင်အား စစ်တွေပြည်သူ့ဆေးရုံကြီးသို့ စစ်တွေ နာရေးကူညီမူ အသင်းမှ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ အဖွဲ့မှ ဆေးဖိုးဝါးခများကို တာဝန်ယူ စောင့်ရှောက် ကုသ ပေးလျှက်ရှိသည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာ ၂၆  နေ့လည်း ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာမှ သပြာကျွန်းတွင် ကဏန်းဖမ်းနေသော ရခိုင်လူငယ် နှစ်ဦးအား မွတ်ဆလင် အကြမ်းဖက်လိုသူ တစ်စုက  တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာ ရရှိသွားပြီး စစ်တွေ ဆေးရုံထိ ပို့ဆောင်ခဲ့ရသည်။

Most read this week