အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး စစ်တွေရောက်

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး စစ်တွေရောက်
by -
နိရဥ္စရာ

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa သည် ယနေ့ နေ့လည်ပိုင်းက စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

Marty-Natalegawaယနေ့ နေ့လည် ၁ နာရီ ၅၅  ငါးမိနစ်တွင် တပ်မတော် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ သည်ဟု ဒေသဆိုင်ရာ လူကြီးတစ်ဦးက ပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် စစ်တွေမြို့သို့ ရောက်ရှိလာ ပြီးနောက်  ရဟတ်ယာဉ်များဖြင့်  နေ့လည်  ၂ နာရီ ၁၀ မိနစ်တွင် ဒုက္ခသည်များရှိရာ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် မောင်တောမြို့နယ်များသို့ ထွက်ခွာသွားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် အတူ နေပြည်တော်မှ ၀န်ကြီးများ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးလှမောင်တင်၊ ဒကစ မှူး နှင့် အစိုးရ အရာရှိကြီးများ လိုက်ပါသွားသည်ဟု ဆိုသည်။

“ရခိုင်ဘက်က မြို့မိမြို့ဖတွေနဲ့ ညနေ ၄ နာရီမှာ တွေ့ဖို့ ချိန်းထားပါတယ်။ အခုအချိန်ထိ မရောက်သေးပါဘူး။ ရဟတ်ယာဉ်တွေနဲ့ ထွက်သွားတာ ပြန်မရောက်သေးပါဘူး” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

စစ်တွေမြို့သို့  ညနေ ၅ နာရီ ကျော်မှ  ပြန်လည် ရောက်ရှိလာသည်ဟု သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနှင့် စစ်တွေမြို့မှ ကုန်သည်ကြီးများ အားလုံးကိုတွေ့ဆုံရန် စစ်တွေဟိုတည် သို့ ဖိတ်ကြားထားသည် ဟုဆိုသည်။

ယနေ့ ညနေတွင် စစ်တွေဟိုတည်တွင် အရေးအခင်းဖြစ်ပွါးသော ပေါက်တော၊ ကျောက်တော် ၊ မင်းပြား ၊ မောင်တောမြို့နယ်ရှိ ဒုက္ခသည်များနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားမည်ဟု သတင်းများ ရရှိသည်။

စစ်တွေဟိုတည်တွင် ညနေစာ ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းနှင့်   နောက်တစ်နေ့ နံနက်တွင် သဲချောင်းကျေးရွာရှိ မွတ်ဆလင်  ဒုက္ခသည်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရပါသည်။

Most read this week