ကျောက်ဖြူ ပညာရေး ကောလိပ် ကျောင်းသားများ ဆန္ဒပြ

ကျောက်ဖြူ ပညာရေး ကောလိပ် ကျောင်းသားများ ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသားများ ယမန်နေ့ညနေက ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ကျောင်းသားများ ထမင်းဝဝလင်လင် မစားသောက်ရ၍  ဖြစ်ကြောင်း ကျောင်းသားများနှင့် နီးစပ်သူ ဆရာ တစ်ဦးမှ ပြောသည်။

“ကျွန်တော် သိရသလောက် ကျောင်းသား ၆၀ ခန့်က ထမင်းငတ်တာ သုံးရက်လောက်တောင် ရှိပြီလို့ ကြားတယ်။ ထမင်းစားချိန်မှာ ထမင်းမလောက်တဲ့ အတွက် ခုလို ဖြစ်တာလို့ ကျောင်းသားတွေက ပြောပါတယ်။ ဒါကြောင့် သူတို့က မနေ့က ညနေ ရ နာရီခန့်မှာ စုဝေး ဆန္ဒပြကြတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူ ပညာရေး ကောလိပ်တွင် ကျောင်းသား ကျောင်းသူ ၅၀၀ ခန့်ရှိပြီး မနေ့က ဆန္ဒပြရာတွင် ကျောင်းသူများ ပါ၀င်ခြင်း မရှိဘဲ ကျောင်းသာားများက သက်သက် ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။

ယခုအခါ ကျောင်းသားများ ဆန္ဒပြသည့် ကိစ္စနှင့် ပတ်သက်ပြီး ပညာရေးကောလိပ်တွင် ဆရာ ဆရာမမများ အစည်းအဝေး ပြုလုပ်နေပြီး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကို ဆွေးနွေးနေကြသည်ဟု သိရသည်။

ကျောက်ဖြူ ပညာရေး ကောလိပ်မှ ဆရာမ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ကျောင်းသားများ ဆန္ဒပြကြသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ပြောဆိုရန်ကိုမူ တာဝန်ရှိသူ မဟုတ်ဟု ဆိုကာ ငြင်းဆိုသည်။

Most read this week