ခရစ္စမတ်ပွဲတော်ကို ကယားရိုးရာဖြင့် ကျင်းပ

ခရစ္စမတ်ပွဲတော်ကို ကယားရိုးရာဖြင့် ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ဒီဇင်ဘာလ ခရစ္စမတ်ပွဲတော်ကို နစ်စဉ် နစ်တိုင်း ကျင်းပပြု လုပ်နေကြဆိုသော်လည်း ယခုနစ်မှာတော့  ပွဲတော်ကို ကယားရိုးရာ ဗုံမောင်း အဆိုအက အတီးမှုတ်တွေနဲ့ ကျင်းပ ပြုလုပ်နေကြတာကို မြင်တွေ့နေရပါတယ်။

အခုလို ခရစ္စမတ်ပွဲတော်ကို တမူထူးခြားစွာ ကျင်းပ ပြုလုပ်နေတာကတော့ ဖရူဆိုမြို့နယ် မာဖရိုရှေ့ရွာ ကက်သလစ် ကျောင်းတော်ကြီးကျောင်းမှာ ဖြစ်ပါတယ်။

ဦးဆောင် ကျင်းပ ပြုလုပ်ပေးနေတဲ့ ဘုန်းတော်ကြီး ဖြစ်တဲ့ ကိုယ်တော်ကြီးရီရယ်က ယခုလို ရှင်းပြပါတယ်။

ဗုံမောင်းနှင့်တကွ ခရစ္စမတ်ပွဲ ကျင်းပနေကြစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

'ကျနော်တို့ ကယားမှာ ရိုးယာ ဓလေ့ဆိုတာ ရှိတယ် ဆိုတော့ ဒီခရစ္စမတ်ကိုလဲပဲ ဓလေ့နဲ့ ကျင်းပတယ် ဘာဖြစ်လဲဆိုလိုရှိရင် အဓိက ထင်မြင်ချက် ယူဆချက် သုံးသပ်ချက်က ဘာလဲဆိုလို့ ရှိရင် ကျနော်တို့ ခရစ်ယာန် ဘာသာတွေရဲ့ ကိုးကွယ်တဲ့ ဘုရားဟာ အားလုံးနဲ့ သက်ဆိုင်တယ် ဟိုဘက်လူမျိုး ဟိုဘာသာ ဒီဘာသာ မဟုတ်ပဲနဲ့ အားလုံးနဲ့ သက်ဆိုင်တယ်လို့ ထင်မြင်ယူဆတဲ့အတွက်ကြောင့် ယုံကြည်တဲ့ အတွက်ကြောင့် ခံယူတဲ့အတွက်ကြောင့် ကျနော်တို့ ရိုးရာနဲ့ လုပ်ခြင်းဖြစ်တယ် ယခုနှစ် ဖရူဆိုမြို့နယ်၏ တိုက်နယ်အနေဖြင့် ဗဟိုကျသည့်ကျေးရွာဖြစ်သဖြင့် ပိုမိုထူးခြားစွာ ဆောင်ရွက်ခြင်းဖြစ်တယ်" လို့ ပြောဆိုပါတယ်။

ခရစ္စမတ်ပွဲတော်ကို ယခုလို ရိုးရာဖြင့် ကျင်းပတာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ ဝတ်ပြုဆုတောင်းခြင်းကို ရိုးရာအက အတီးအမှုတ်ဖြင့် တွဲပြီးပြုလုပ်ကြတာ ဖြစ်ပါတယ်။

ဘာသာရေးအသင်းအဖွဲ့တွေ ဝင်ရောက်မှုမရှိခင်ကတည်းကပင် ကယားလူမျိုးတွေဟာ ဘိုးဖွားအစဉ် အဆက်က ရိုးရာဓလေ့ကိုပင် ယုံကြည်နေခဲ့ကြတာဖြစ်ပြီး ပျောက်ကွယ်လုနီးပါးရှိနေပြီ ဖြစ်တဲ့မိမိတို့၏ဓလေ့ ကို ပြန်လည်ထ ိန်းသိမ်းတာလည်းဖြစ်တယ်လို့ သိရပါတယ်။

မာဖရိုရှေ့ ကျေးရွာမှ မော်ပလျားမာက “ကျမတို့ ဒီနစ် ခရစ်မတ်ပွဲပြုလုပ်တာဟာ ခါတိုင်းနစ်တွေနဲ့ မတူတော့ ပါဘူး ထူးခြားအောင် လုပ်ထားပါတယ် ဘယ်လို လုပ်တယ်ဆိုတာ ကျမတို့ မိစ္ဆာန်း လုပ်တဲ့အချိန်မှာ ဆိုလိုရှိရင် ကယားဓလေ့ ကယား ထုံးစံ ကယား ယဉ်ကျေးမှု ဗုံမောင်းတွေနဲ့ ကျမတို့ ဆိုကပြီးတော့မှ ဆုတောင်းခဲ့တယ်” လို့ ပြောပါတယ်။

ဒီပွဲတော်မှာတော့ မြန်မာ့တပ်မတော်ဘက်က အရှေ့ဘက် တိုင်းရင်းမှူး ဗိုလ်မှူးစိုးထွန်းက လက်ဆောင် အဖြစ်  မာဖရိုရှေ့ ဘုရားကျောင်း နှင့် လောဂျာ ဘုရာရှိခိုးကျောင်းအတွက် တစ်ကျောင်းကို ဂီတာ တစ်လုံးနဲ့ ငွေကျပ် တစ်သိန်း၊ အဝတ်အစားအထုတ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကယားရိုးရာဖြင့် ခရစ္စမတ်ပွဲကို ကျင်းပနေကြစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

“ဒီနေ့ ကျနော်တို့ ဒီရွာကို ရောက်ရှိလာခြင်းက ခရစ္စမတ်နေ့မှာ ကျနော်အနေနဲ့ မာဖရိုရှေ့ နဲ့ လောဂျာ မှာ ရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ အတွက် ခရစ္စမတ် လက်ဆောင် အဖြစ်ပေးဖို့ရယ် နောက်ပြီး ဘုရာကျောင်းမှာ အသုံးပြု ဖို့ အတွက် ဂီတာ ၂ လက်ပေးဖို့ရယ် နောက်ပြီး ဒီ ခရစ္စမတ်မှာ ဒီ ဘုရာကျောင်း မှာ ကြီးမှူး ကျင်းပတဲ့ ပွဲမှာ အလှုငွေပေးဖို့အတွက် ရောက်ရှိ လာခြင်းပဲဖြစ်ပါတယ်” လို့ ဗိုလ်မှူးစိုးထွန်းက ပြောပါတယ်။

ကျေးရွာပေါင်း ၁၀ ရွာ စုပေါင်းကျင်းပပြီး လူဦးရေ ၁၀၀၀ ကျော်ခန့် ရိုးရာ ခရစ္စမတ်ပွဲတော်ကို ဆင်းနွှဲကြပြီး ဒေသထွက် အစားအသောက်ဖြစ်တဲ့ ကယားခေါင်ရေ တို့နဲ ဧည့်ခံကျွေးမွေးကြတာဖြစ်ပါတယ်။

လာမည့်နစ်တွေမှာ မာဖရိုရှေ့တိုက်နယ်ရှိ ကေးလျာ ကျေးရွာ ခေါ်(ကြယ်ဖိုးကြီး) မှာ ခရစ္စမတ်ပွဲတော်ကို ရိုးရာနှင့်တကွ ကျင်းပမည်ဖြစ်တယ်လို့သိရပါတယ်။