ရပ်ရွာဝင်ခွင့် တားမြစ် ခံထားရသူ ရွာပြန်လာ၍ ထောင် (၁) နှစ် ချမှတ်ခံရ

ရပ်ရွာဝင်ခွင့် တားမြစ် ခံထားရသူ ရွာပြန်လာ၍ ထောင် (၁) နှစ် ချမှတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် စံပြကျေးရွာတွင် မသီတာထွေး သေဆုံးပြီးနောက် လှုံ့ဆော်မူများ ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟု ခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။

မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။

သူ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်သူ ကျောက်နီမော်ကျေးရွာမှ  ဦးမောင်ဖိုးဦး၏ သား ကိုလှသွယ် အသက် (၃၈) နှစ် ဖြစ်သည်။

ကိုလှသွယ်အား ခံဝန်ချက် ကတိဖေါက်ဖျက်မှုဖြင့် ရမ်းဗြဲတရားရုံးက ယနေ့ ဒီဇင်္ဘာလ ၂၀ ရက် ယနေ့တွင် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

“ကိုလှသွယ်ကို ဖမ်းရတဲ့ အကြောင်းရင်းက သူ့ကို ကျောက်နီမော်မှာ လှုံဆော်မှု ပြုလုပ်သူ ဖြစ်တယ်ဆိုပြီး ကျောက်နီမော် ကို မလာဖို့ ရဲဆီမှာ ၀န်ခံကတိ ပြုလုပ်ပြီး လက်မှတ် ရေးထိုးထားရပါတယ်။ မနေ့က သူက ကျောက်နီမော်ကို လာတဲ့ အတွက် ၀န်ခံကတိကို ဖေါက်ဖျက်တယ်ဆိုပြီး ကျောက်နီမော်ရဲက ဖမ်းဆီးပါတယ်။ ဖမ်းပြီး ချက်ချင်း ရမ်းဗြဲမြို့နယ် တရားရုံးကို ပို့ပါတယ်။ တရားရုံးက ၀န်ကတိ ဖေါက်ဖျက်မှုနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာ ထောင်တစ်နှစ် ချမှတ်လိုက်ပါ တယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ကိုလှသွယ်မှာ ဒေသ အခြေအနေ အေးချမ်းနေပြီ ဖြစ်သဖြင့် ပြန်လာခြင်း ဖြစ်ပြီး ယခုကဲ့သို့ ထောင်ချမည်ဟု မထင်ခဲ့ကြောင့် ရမ်းဗြဲဒေသခံက ဆက်ပြောသည်။

“ကိုလှသွယ်ကို ရွာအပြန် လမ်းမှာ ရဲက ဖမ်းဆီးပြီး ရမ်းဗြဲကို ယူလာပါတယ်။ ရဲက ကိုလှသွယ်ကို ရှေ့နေ ငှားမလားလို့ မေးတော့ ကိုလှသွယ် ငွေကြေးမတတ်နိုင်တာက တကြောင်း၊ ထောင်ကျလိမ့်မယ်လို့ မထင်တာက တကြောင်းကြောင့် ရှေ့နေ မငှား ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ ဒါကြောင့် ရဲက သူ့ကို တရားရုံးသို့ တိုက်ရိုက်ပို့ပြီး ခုလို အမူကို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့ တရားရုံးတွင် စစ်ဆေးရာတွင် ကိုလှသွယ်က မိမိမှာ  ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်ဖြစ်တဲ့ အတွက် ပါတီ ကိစ္စအပြင် ဗိုလ်မှူးကျော်ခိုင် ကျောက်နီမော်ကို လာရန်ရှိသည့် အတွက် သွားရောက်ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့သော်လည်း ခံဝန်ချက်ကို ချိုးဖေါက်သည်ဟု ဆိုကာ ရမ်းဗြဲမြို့နယ် တရားသူကြီး ဦးမျိုးအောင်က ထောင်ဒဏ် တစ်နှစ် အမိန့် ချမှတ်လိုက်သည်ဟု တစ်ခြား ရဲသား တစ်ဦးကလည်း အတည်ပြု  ပြောကြားသည်။

ယခုကဲ့သို့ တစုံတရာ အမူကို သေသေချာချာ စစ်ဆေးမေးမြန်း မရှိသည့် အပြင် အယူခံဝင်ခွင့် မရဘဲ ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် အဆိုပါ ရမ်းဗြဲဒေသ ခံက သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“အခု နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ ပါတီတွေက လူတွေ တိုက်ရိုက် ပါ၀င် ပတ်သက် နေတယ်လို့ ပြောထားတဲ့အပေါ်မှာ သူတို့ ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်တွေကိုလဲ ခုလို ပါ၀င်ပတ်သက်လာရင် ထောင်ချတယ်ဆိုတဲ့ သဘောမျိုး လုပ်ပြ လိုက်တာလို့ မြင်ပါတယ်။ ဒါမှ  နောက်ထပ် တခြား ပါတီက လူတွေကို အရေးယူနိုင်မှာကိုး။ တစ်ခြား ပါတီဝင်တွေကို ဘယ်လို လုပ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကိုလှသွယ်ကို ရမ်းဗြဲတရားရုံးမှာ နေ့လည် ၁၂ နာရီခွဲတွင် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပြီးနောက် နေ့လည် ၂နာရီခွဲတွင် ကျောက်ဖြူ အကျဉ်းထောင်သို့ ယူဆောင်သွားကြောင်း သိရသည်။

Most read this week