UNFC မှ ငြိမ်းချမ်းရေး ကော်မီတီ တစ်ရပ် ဖွဲ့စည်း

UNFC မှ ငြိမ်းချမ်းရေး ကော်မီတီ တစ်ရပ် ဖွဲ့စည်း
by -
ရွှေဟင်္သာ

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များ၏ ပုံမှန် အစည်း အဝေး ဆုံးဖြတ် ချက်အရ အဖွဲ့ဝင် (၉) ဦး ပါဝင်သည့် ငြိမ်းချမ်းရေး ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်း လိုက်သည်ဟု UNFC တွဲဖက် အတွင်း ရေးမှူး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အဆိုပါ အစည်း အဝေးသို့ ချင်း အမျိုးသား တပ်ဦး (CNF) နှင့် “ဝ” အမျိုးသား အဖွဲ့ (WNO) တို့ နှစ်ဖွဲ့ မတက်ရောက် နိုင်ခဲ့ပဲ ကျန်သည့် အဖွဲ့ဝင် အဖွဲ့ များမှကိုယ် စားလှယ် (၁၅) ဦး တက်ရောက် ခဲ့သည်။

ယခု ဖွဲ့စည်း လိုက်သည့် UNFC ၏ ငြိမ်ချမ်းရေး ကော်မီတီ အဖွဲ့ ခေါင်းဆောင် အဖြစ် နိုင်ဟံသာနှင့် ဒု အဖွဲ့ ခေါင်းဆောင် အဖြစ် ဒေါက်တာ လဂျာတို့အား ရွေးချယ် တာဝန် ပေးအပ် ထားပြီး အဖွဲ့ဝင် များအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ ဒုတိယ ဗိုလ်မှူးကြီး ဆင်ဝါ၊ ဗိုလ်မှူးကြီး ဖိန်ဖ၊ ဒေါက်တာ ခင်မောင်၊ ဦးဇင်ဂျုန်း၊ ဦးအောင်ဆန်းမြင့်၊ ဦးတောလေးမူး တို့ ဖြစ်သည်ဟု သိရသည်။

UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနှင့် တွေ့ဆုံသည့် အခါတွင် ယခု ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေး ကော်မီတီ မှတဆင့် စီစဉ် ဆက်သွယ် တွေ့ဆုံနိုင်ရန် အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် လာမည့် ဒီဇင်ဘာလ တတိယပတ် ခန့်တွင် အဖွဲ့ဝင် မျက်နှာ စုံညီ အစည်း အဝေး တစ်ရပ် ထပ်မံ ပြုလုပ်၍ ဦးအောင်မင်းမှ တွေ့ဆုံနိုင်ရန် ကမ်းလှမ်း ထားသည့် အပေါ် အစည်းအဝေးထိုင် ဆုံးဖြတ် ကြရန်လည်း ရှိကြောင်း သိရသည်။