စစ်ကူ မရောက်ခင် လက်နက်ကြီး များဖြင့် ပစ်ကူ ပေးနေရ

စစ်ကူ မရောက်ခင် လက်နက်ကြီး များဖြင့် ပစ်ကူ ပေးနေရ
by -
ရွှေဟင်္သာ

အစိုးရတပ်မှ ပစ်ခတ်သည့် ၁၀၅ မမ တာဝေးပစ် ဟော်ဝစ်ဇာ အမြောက်အား မြင်ရစဉ်လိုင်ဇာ အနီးရှိ ဒေါ့ဖုန်းယန်း ဟမ်းကိုင် အခြေစိုက် အစိုးရ လက်နက်ကြီး တပ်ဖွဲ့က လဂျားယန် အနီး အနား တဝိုက်ကို ယနေ့ မနက်ပိုင်း ကတည်းက စပြီး ညပိုင်း အထိ ပစ်ခတ် နေကြောင်း အဆိုပါ စစ်မျက်နှာ၌ ရှိနေသော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) ခေါင်းဆောင် တဦးက ဆိုသည်။

“လဂျားယန် တဝိုက် ကိုပေါ့နော် ၁၂၀ မမ ရော၊ ၁၀၅ မမ ဟော်ဝစ်ဇာ အဝေးပစ် အမြှောက် နဲ့ရော ဒီနေ့ မနက် (၇) နာရီ ကျော် ကတည်းက စပစ် နေတာ ညပိုင်း အထိကို ပစ်ခတ် နေတာပါ။ ဒါကို ကြည့်ရင် (၁၄) ရက်နေ့ တိုက်ပွဲမှာ ဦးကျိုးနေတဲ့ သူတို့ တပ်ဖွဲ့တွေ အဲဒီ နေရာကနေ မဆုတ်ခွာ နိုင်သေးဘူး ဆိုတာ ထင်ရှား ပါတယ်။ ပြီးတော့ သူတို့ စစ်ကူ တွေကလည်း အခု အထိ မလာနိုင် သေးတော့ လက်နက် ကြီးတွေနဲ့ ကာပြီး ပစ်ကူ ပေးနေတဲ့ သဘောဘဲ ဖြစ်မယ်”ဟု ဆိုသည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့ လဂျားယန် တိုက်ပွဲတွင် KIA ဖက်မှ သုံ့ပန်း(၇) ဦးနှင့် အလောင်း(၁၇) လောင်း သိမ်းဆည်း နိုင်ခဲ့ပြီး အလောင်း များကို ကောင်းမွန်စွာ သဂြိုလ် ပေးခဲ့ သည်ဟု ဆိုပါသည်။ ဤသည် လဂျားယန် တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ ကစဉ့် ကလျား ဖြစ်ပွားပြီး ထိခိုက် ကျဆုံးမှု များပြား သောကြောင့် အလောင်းနှင့် လူနာများ မသိမ်းဆည်းနိုင်ဘဲ ဆုတ်ခွာ ခဲ့ရသည်။

စစ်ကူ မရောက်ခင် လက်နက်ကြီး များဖြင့် ပစ်ကူ ပေးနေရ

ABSDF အဖွဲ့မှ ဖမ်းဆီး ရမိသော အစိုးရ သုံ့ပန်း များ၏ အဆိုအရ ယခုစစ်ဆင်ရေးအတွင်း အစိုးရဘက်မှ  အင်အား ၄၀၀ နီးပါး နှင့် စစ်ဆင် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေသတွင်း ကျန်ရှိနေသည့် အစိုးရ တပ်ဖွဲ့ဝင်များအား KIA ၏ ထပ်မံခြေမှုန်းမှု မခံရစေရန် လက်နက်ကြီး များဖြင့် ကာကွယ် ပစ်ခတ် ပေးနေခြင်းဖြစ် ဖွယ်ရှိသည်ဟု KIA နှင့် ABSDF တပ်ဖွဲ့များကယူဆ ကြသည်။

အစိုးရ ခမရ (၃၈၃)(၃၈၄) နှင့် (၃၈၉) တပ်ဖွဲ့ တို့သည် ကချင် လွတ်လပ်ရေး အဖွဲ့ ဌာနချုပ် ဖြစ်သော လိုင်ဇာသို့ ဒီဇင် ဘာလ (၁၄) ရက်နေ့ ၌ ထိုးစစ်ဆင် ခဲ့သဖြင့် လဂျားယန် ကျေးရွာ တဝိုက်သို့ ရောက်ရှိခဲ့ပြီး KIA နှင့် ABSDF တပ်ဖွဲ့ တို့၏ တုန့်ပြန် တိုက်ခိုက် မှုကြောင့် သုံ့ပန်း အပါ၀င် အကျအဆုံး များစွာ ရှိခဲ့သဖြင့် ဦးကျိုးနေ ခြင်းဖြစ်ကြောင်း ABSDF ခေါင်းဆောင်က ဆိုသည်။

KIA နှင့် အစိုးရ တပ်ဖွဲ့ များသည် ပန်းဝါ ဒေသ ဖက်ရှိ မှတ်တိုင် (၆) ဒေသ တွင်၄င်း ဗန်းမော် နမ့်ခမ်း ကားလမ်းတလျှောက်တွင်၄င်း ကေအိုင်အို တပ်ရင်း (၃) အခြေစိုက်သည့်  ဝိုင်းမော် မြို့နယ် ၌၄င်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသည်ဟု မြောက်ပိုင်းရှိ ABSDF ခေါင်းဆောင် များက ဆိုသည်။
KIA နှင့် အစိုးရ တပ်ဖွဲ့ တို့ ပြီးခဲ့သည့် ဒီဇင် ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ တိုက်ပွဲပေါင်း ရ၄ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ရေတွက်လျှင် တိုက်ပွဲပေါင်း ၁၃၆၀ ခန့် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်ဟု KIA ဖက်က ဆိုသည်။