ကချင်လွတ်လပ်ရေးအဖွဲ့ အလံတော်ဒီဇင်ဘာ (၁၄) ရက်နေ့၌ ဖြစ်ပွား ခဲ့သော အစိုးရ တပ်ဖွဲ့၏ လဂျားယန် စစ်ဆင်ရေးတွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး တို့သည် အစိုးရ သုံ့ပန်း တချို့ကို ဖမ်းမိပြီး ရဟတ်ယာဉ်မှ ပစ်လွှတ် လိုက်သည့် မပေါက် ကွဲသော ရုရှားလုပ် ဒုံးကျည်ပါ သိမ်းဆည်း ရရှိ ခဲ့သည်ဟု KIA အရာရှိ တဦးကပြောသည်။
“အစိုးရ တပ်ကို ၀ိုင်းထားတဲ့ နေရာကို တဖြည်းဖြည်းနဲ့ ရှင်းနေ တုန်းဘဲ၊ ဒါဏ်ရာ ရထားတဲ့ တပ်သားတွေ (၇)ယောက် လောက် ဖမ်းမိ ထားပြီးပြီ၊ ကျောင်းသားတွေ ဘက်ကတော့ သူတို့ အစိုးတပ်က အလောင်း (၁၇) လောင်းကို ကောင်းကောင်း မွန်မွန် သဂြိုလ်ပေး လိုက်တယ်လို့ ပြောတယ်။ ကျန်တဲ့ နေရာကို ရှင်းနေ တုန်းဘဲ။ အဲဒီထဲက (၁၆) နှစ်တပ်သား အောင်အောင် ကတော့ ဒါဏ်ရာ ပြင်းလို့ မနေ့ ညနေက ဆုံးသွား ပါတယ်။ ထိထားတဲ့ နေရာကို သူတို့ စစ်ကူလည်း မလာဘူး၊ အဲဒီ တပ်တွေ ကဘဲ ဖြည်းဖြည်း လေးနဲ့ ဆုတ်သွား နေတာ။ တပ်ပျက် သလောက် ပါဘဲ သူတို့ ခံရတာ” ဟု ဆိုပါသည်။
အင်အား (၂၀၀) ခန့် ရှိသည့် အစိုးရ ခမရ (၃၈၈) နှင့် (၃၈၃) တပ်ဖွဲ့ များက KIA ၏ ချေမှုန်း ရေးကို ခံနေရစဉ် အစိုးရ၏ မြစ်ကြီးနားမြို့ အခြေစိုက် အမှတ် (၅၀၃) နန့်ပေါင် လေတပ် စခန်းမှ Mi-24 Gunship ရဟတ်ယာဉ် (၃) စီး၊ လေတပ် စခန်းမှ (၃) ကြိမ် ခေါက်တုန့် ခေါက်ပြန် လာပြီး ဝေဟင်မှ မြေပြင်ပစ် ဒုံးများနှင့် Machine Gun များဖြင့် ပြင်းပြင်း ထန်ထန် ပစ်ကူ ပေးခဲ့သည်။ http://www.phophtaw.org/burmese/index.php/news/local-news/2516--kia-.html
သို့သော် အစိုးရ စစ်ရဟတ်ယာဉ် (၃) စီး ထဲမှ တစီးသည် KIA ၏ ပစ်ခတ် မှုကို ခံရပြီး မီးခိုးများ ထွက်ကာ ပြန်ဆုတ် သွားခဲ့ သည်ဟု ဆိုသည်။ ဤသို့ကြောင့် ဤတိုက်ပွဲ၌ ရဟတ်ယာဉ်ပါ ထိခိုက် သွားခြင်းကြောင့် အဝိုင်း ခံနေ ရသော ၄င်းတို့ တပ်ဖွဲ့ များထံသို့ ယခုအထိ လာရောက် စစ်ကူပေးခြင်း မရှိသေးပေ။
၄င်း စစ်ရဟတ်ယာဉ် များမှ ပစ်လွှတ် လိုက်သော ဒုံးကျည် များသည်လည်း ထိရောက်မှု မရှိ လှပေ။ ဒုံးကျည် များသည်KIA စခန်း အပြင်ဖက် များ၌သာ ကျရောက် ခဲ့ပြီး တချို့ တပ်တွင်း ကျသည့် ဒုံးကျည် များမှာလည်း ပေါက်ကွဲခြင်း မရှိပေ။ အဆိုပါ ဒုံးကျည် များသည် ရုရှား စာသားဖြင့် တံဆိပ်များ ရိုက်နှိပ် ထားသော ဒုံးကျည်များ ဖြစ်သည်။
ချေမှုန်း ခံခဲ့ရသော အစိုးရ တပ်ဖွဲ့သည် တိုက်ပွဲ ဖြစ်ပွား ခဲ့သော နေရာနှင့် ဝေးဝေး ဆုတ်ခွာ နိုင်ခြင်း မရှိ သေးပေ။ စစ်ကူများလည်း မရောက်ရှိ သေးသဖြင့် ထိခိုက် ဒါဏ်ရာ ရသူ များနှင့် တနေ ရာ၌ ခြေကုတ် ယူထားဆဲ ဖြစ်သည်။ ၄င်းတို့သည် KIA ကို ပြန်လည် စစ်ဆင် နိုင်မည့် အနေ အထား မရှိတော့ဘဲ KIA ၏ ထပ်မံ ချေမှုန်းခြင်း မခံ ရအောင် ရှောင်ကွင်း နေမည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။