စစ်တွေတွင် ကြေးနီစီမံကိန်း ကိစ္စ ရဟန်းတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မည်

စစ်တွေတွင် ကြေးနီစီမံကိန်း ကိစ္စ ရဟန်းတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မည်
by -
နိရဥ္စရာ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ခံရသည့် ရဟန်းတော်များ အရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ရန် စစ်တွေတွင် ရဟန်းတော်များ စုရုံးနေကြပြီဟု သတင်း  ရရှိသည်။

စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်တွင် ရဟန်းတော်များ ယနေ့နေ့လည်မှ စတင်ပြီး စုရုံးနေကြသည်ဟု စစ်တွေ မျက်မြင်များက ပြောသည်။

အဆိုပါ သတင်း လက်ခံ ရရှိပြီးနောက် နိရဥ္စရာမှ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သည့်  ဆရာတော် ဦးဉာဏကို လျှောက်ထား မေးမြန်းရာ ဆရာတော်က ယခုလို မိန့်ကြားသည်။

“ဆန္ဒပြမှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ ထိုင်ပြီး  ဦးဇင်းတို့ရဲ့ သဘောထားကို ဆန္ဒ ဖေါ်ထုတ်သွားမှာ ဖြစ်ပါတယ်။  အခု မစရသေးဘူး။ ရဟန်းတော်တွေက လာနေကြပြီ။ အခု ရဟန်း အပါး ၅၀ လောက်တော့ ရောက်နေပြီ” ဟု ဆိုသည်။

အစီအစဉ်ကို နေ့လည်  ၂ နာရီခန့်မှ စတင််မည်ဟု ဆိုသည်။

ယခုအချိန်ထိ အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ ဟန့်တားမည့် အရိပ်အရောင်များ မမြင်ရသေးဟု မျက်မြင်များက ဆိုသည်။

(ဆက်လက်ဖေါ်ပြပေးသွားပါမည်။)

Most read this week