ပလောင် ဒေသ၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ပလောင် ဒေသ၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ KIA တပ်ဖွဲ့နှင့် ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်း တပ်ဖွဲ့သည် အစိုးရတပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဒေသတွင် ယနေ့ နံနက် (၁၁) နာရီ အချိန်၌ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူး တာဘုန်းကျော် ကပြောသည်။

“ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲနေရာက သာပန်းကုန်း ရှောက်ပန်းကုန်း ဘိန်စိုက်ခင်းရဲ့ တောင်မှာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ။ မနက် (၁၁) နာရီ လောက် စဖြစ်တာ (၁၂) နာရီ လောက်မှာ တိုက်ပွဲက ပိုပြင်းထန် လာပြီးတော့ ညနေ(၄)အထိက ကြိုကြား ပစ်ခတ် ခဲ့ကြပါတယ်။ နောက်တပွဲ ကတော့ ကွတ်ခိုင် မြို့နယ် ဖက်မှာပါ။ အစိုးရ တပ်ဖွဲ့က ကျနော်တို့ ပူးပေါင်းတပ် ရှိတဲ့ တပ်စ ခန်းနေရာကို လာရောက် တိုက်ခိုက် သွားတာ ဖြစ်တယ်။ ဒီတော့ ဒီနေ့မှာ နှစ်ပွဲ ဆက်တိုက် ဖြစ်တာပေါ့”  ဟု ဆိုသည်။

နမ်းခမ်းမြို့နယ်ရှိ သာပန်းကုန်း၊ ရှောက်ပန်းကုန်း၊ လွယ်လွန်၊ လွယ်ရှောင်နှင့် ဆီပန်း တောင်တဝိုက်ရှိ သစ်များအား တရုတ်ပန်းဆေး ပြည်သူ့စစ်များ ခိုးထုတ် နေခြင်းကို ဖမ်းဆီးရန် သွားရောက်ခဲ့ ရာက လုံခြုံရေးယူ ထားသော မြန်မာ အစိုးရတပ်နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

KIA တပ်မဟာ (၄)၊ တပ်ရင်း (၈) မှ တပ်ဖွဲ့ဝင်များနှင့် TNLA တပ်ရင်း (၁၁၂) မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း စစ်ဆင်ခဲ့ရာ အစိုးရဖက်မှ ခြေမြန်တပ်ရင်း ခမရ ၅၀၁၊ ခြေလျင်တပ်ရင်း ခလရ ၁၃၀ တပ်ဖွဲ့များနှင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

တရုတ် ပန်းဆေး ပြည်သူ့ စစ်များ သစ်ခိုးထုတ်နေ (ဓါတ်ပုံ- TNLA)

ထို့ပြင် KIA တပ်ရင်း (၈)၊ တအာင်း TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့တို့ အခြေချသည့် ကွတ်ခိုင်မြို့နယ် လွယ်ဝန်ကျေးရွာစခန်းသို့  နမ္မတူမြို့အခြေစိုက် ခလရ (၃၄) တပ်ဖွဲ့ဝင်များက ယနေ့ နေ့လည် (၁၂) နာရီ အချိန်မှ မွန်းလွဲ တနာရီအထိ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းနေရာ၌ နေရာယူ တပ်စွဲထားကြောင်း ဗိုလ်မှူးတာဘုန်းကျော် က ပြောသည်။

ယင်းဒေသတဝိုက်တွင် KIA၊ TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်များ လှုပ်ရှားနေကြောင်း သိရသည်။ ယင်းတပ်ဖွဲ့များသည် ညီညွတ် သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ ဖြစ်ပြီး SSPP တပ်ဖွဲ့က အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသလို KIA နှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရသေးပေ။ အလားတူ TNLA တပ်ဖွဲ့အား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက အလွတ်သဘော ကမ်းလှမ်းထားသော်လည်း ထပ်မံ တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

ပလောင် ဒေသ၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

Helicopeterကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ KIA တပ်ဖွဲ့နှင့် ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်း တပ်ဖွဲ့သည် အစိုးရတပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဒေသတွင် ယနေ့ နံနက် (၁၁) နာရီ အချိန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူး တာဘုန်းကျော် ကပြောသည်။

“ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲနေရာက သာပန်းကုန်း ရှောက်ပန်းကုန်း ဘိန်စိုက်ခင်းရဲ့ တောင်မှာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ။ မနက် (၁၁) နာရီ လောက် စဖြစ်တာ (၁၂) နာရီ လောက်မှာ တိုက်ပွဲက ပိုပြင်းထန် လာပြီးတော့ ညနေ(၄)အထိက ကြိုကြား ပစ်ခတ် ခဲ့ကြပါတယ်။ နောက်တပွဲ ကတော့ ကွတ်ခိုင် မြို့နယ် ဖက်မှာပါ။ အစိုးရ တပ်ဖွဲ့က ကျနော်တို့ ပူးပေါင်းတပ် ရှိတဲ့ တပ်စ ခန်းနေရာကို လာရောက် တိုက်ခိုက် သွားတာ ဖြစ်တယ်။ ဒီတော့ ဒီနေ့မှာ နှစ်ပွဲ ဆက်တိုက် ဖြစ်တာပေါ့”  ဟု ဆိုသည်။

နမ်းခမ်းမြို့နယ်ရှိ သာပန်းကုန်း၊ ရှောက်ပန်းကုန်း၊ လွယ်လွန်၊ လွယ်ရှောင်နှင့် ဆီပန်း တောင်တဝိုက်ရှိ သစ်များအား တရုတ်ပန်းဆေး ပြည်သူ့စစ်များ ခိုးထုတ် နေခြင်းကို ဖမ်းဆီးရန် သွားရောက်ခဲ့ ရာက လုံခြုံရေးယူ ထားသော မြန်မာ အစိုးရတပ်နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

KIA တပ်မဟာ (၄)၊ တပ်ရင်း (၈) မှ တပ်ဖွဲ့ဝင်များနှင့် TNLA တပ်ရင်း (၁၁၂) မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း စစ်ဆင်ခဲ့ရာ အစိုးရဖက်မှ ခြေမြန်တပ်ရင်း ခမရ ၅၀၁၊ ခြေလျင်တပ်ရင်း ခလရ ၁၃၀ တပ်ဖွဲ့များနှင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

TNLA