ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်း လုပ်ဆောင်ရန် CNF နှင့် ညီနောင် ပါတီတို့ ဆွေးနွေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်း လုပ်ဆောင်ရန် CNF နှင့် ညီနောင် ပါတီတို့ ဆွေးနွေး
by -
ရွှေဟင်္သာ

ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များအား ပူးပေါင်း အကောင်အထည် ဖော်နိုင်ရန် ညီနောင် တိုင်းရင်းသား ပါတီ (Nationalities Brotherhood Forum) မှ ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

CNF U Aung Min thumb medium550 413

ရန်ကုန်သို့ ရောက်ရှိနေသည့် CNF ကိုယ်စားလှယ်နှင့် ညီနောင် တိုင်းရင်းသား ပါတီ များမှ ကိုယ်စား လှယ် (၅၀) ခန့်တို့ ဒီဇင်ဘာလ (၁၀) ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်ခန့်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ အဆောက်အဦ၌ တွေ့ဆုံခဲ့ကြသည်ဟု CNF ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ ရွှေခါးက အခုလိုပြောသည်။

“တွေ့ဆုံပွဲ မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လို ပူးပေါင်း လုပ်ဆောင် ကြဖို့ ဆိုတာနဲ့၊ အခု ကျွှန်တော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှာ ကျွှန်တော်တို့ အစိုးရနဲ့ ချုပ်ဆို ထားတဲ့ စာချုပ် အကြောင်း အဲဒီ နှစ်ခုကို အဓိက ထား ဆွေးနွေး ကြပါတယ်” ဟု ဒေါက်တာ ရွှေခါးက ပြောသည်။

ညီနောင် တိုင်းရင်းသား ပါတီ (Nationalities Brotherhood Forum) အား ၂ဝ၁ဝ ရွေးကောက် ပွဲတွင် အနိုင်ရ ခဲ့သည့် တိုင်းရင်းသား ပါတီ (၆) ခု စုပေါင်းပြီး ၂၀၁၁ ဇန်နဝါရီလ အတွင်း၌ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ NBF အဖွဲ့တွင် ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ ဒီမိုကရက်တစ် ပါတီနှင့် ကယန်း အမျိုးသား ပါတီ တို့ ပါ၀င်သည်။

ငြိမ်းချမ်းရေး လုပ်ငန်း စဉ်သည် တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သလို တမျိုးသား လုံးနှင့်လည်း သက်ဆိုင်သည့်အတွက် အဖွဲ့အစည်း တစ်ခု အနေနှင့် မဟုတ်ပဲ ပါဝင်သင့် သူများ ပူးပေါင်း ပါဝင်ကာ အတူ တကွ လုပ်ဆောင် သွားကြရန် တွေ့ဆုံပွဲ၌ တိုင်းရင်းသား ပါတီများကတင်ပြ ခဲ့သည်ဟု ဆိုသည်။

“ကျွှန်တော်တို့လည်း အဲဒီလို ကြားရတော့ ကျေးဇူးတင်တယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ အစကတည်းက ပြောထားပြီးသား၊ သူတို့ဘက်က ပါဝင် နိုင်အောင် အတွက်လည်း ကျွှန်တော်တို့နဲ့ ဆက်ဆံလို့ မတရား အသင်း အက်ဥ ပဒေတို့၊ နိုင်ငံရေး ပါတီ မှတ်ပုံ တင်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတို့ ဘာတို့နဲ့ မသက်ဆိုင် စေရ စသဖြင့် သူတို့ကို အရေးမယူ နိုင်အောင် စာချုပ် ထဲမှာ ထည့်ပေးတယ်” ဟု ဒေါက်တာ ရွှေခါးမှ ပြောသည်။

ယခု ပြည်တွင်းသို့ CNF မှ သွားရောက် ခဲ့သည့် ခရီးစဉ် အပေါ်လည်း ပြည်တွင်း နိုင်ငံရေး ပါတီများ ဖြစ်သည့် ညီနောင် တိုင်းရင်းသား ပါတီ များမှ အားရ ကျေနပ်ကာ အထူးသဖြင့် တိုင်းရင်းသား အမျိုးသား နိုင်ငံရေး ကဏ္ဍ၌ တန်းတူ ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ကို အာမခံချက် ပေးသည့် ပြည်ထောင်စု စစ်စစ် ပြည်ထောင် စုအား အပြည့်အဝ ထောက်ခံသည် ဟုလည်း ဆိုပါသည်။

ချင်းအမျိုးသား တပ်ဦး CNF သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) ၌ ဒီဇင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ တွေ့ဆုံ ခဲ့ကြပြီး CNF တင်ပြထားသည့် အချက် (၃၀) အနက် (၂၇) ချက်အား နှစ်ဖက်သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့သည်။

သဘော တူညီ နိုင်ခဲ့ကြသည့် (၂၇) ချက် ထဲတွင် ဖေဖော် ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် ပြန်လည် သတ်မှတ် ရန်နှင့် ချင်းပြည်နယ်တွင် ယင်းနေ့ ရက်အား ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရန် တို့ကို ပြည်နယ် အစိုးရမှ ဆက်လက် ဆောင်ရွက်ရန် နှင့် ချင်းဝိသေသ တိုင်းမှ ချင်းပြည်နယ် အဖြစ်သို့ ပြောင်းလဲ သတ်မှတ်သည့် ဇန္နဝါရီလ (၃) ရက်နေ့အား ချင်းပြည်နယ် နေ့အဖြစ် သတ်မှတ် ရေးကို ချင်းပြည်နယ် အစိုးရက ဆက်လက် ဆောင်ရွက်ရန် စသည့် အချက် နှစ်ချက်လည်း ပါဝင်သည်။