ကြေးနီးတောင်် စီမံကိန်း အကြမ်းဖက်မူ ရှုတ်ချပွဲ မလေးရှားရောက် မြန်မာများ ပြုလုပ်

ကြေးနီးတောင်် စီမံကိန်း အကြမ်းဖက်မူ ရှုတ်ချပွဲ မလေးရှားရောက် မြန်မာများ ပြုလုပ်
by -
နိရဥ္စရာ

စစ်ကိုုင်းတိုုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းတော်များကို မြန်မာ အစိုးရမှ အကြမ်းဖက်ဖြိုခွဲမူ အပေါ် ကန့်ကွက် ရှုတ်ချသော အခမ်းအနား တစ်ရပ်ကို မလေးရှားတွင် ပြုလုပ်ခဲ့ကြသည်။

ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်  ဘာလပ်ဂေါင်းရှိ သာသနာ့ အောင်မြေ ကျောင်းတိုက်တွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

“ကန် ့ကွက် ရှုတ်ချပွဲ လုပ်ရတဲ့ အကြောင်းက ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ သပိတ် စခန်းဖွင့် တောင်းဆိုနေတဲ့  ရဟန်းသံဃာတွေ ပြည်သူတွေကို  အစိုးရကနေ မီးလောင်ဗုံးတွေ သုံးပြီး အကြမ်းဖက် နှိမ်နှင်းမူ အပေါ် မကျေနပ်တဲ့ အတွက် ယခုလို  မလေးရှားကိုရောက်နေကြတဲ့ မြန်မာ အဖွဲ့အစည်းတွေက အခမ်းအနားလုပ်ပြီး ကန့်ကွက် ရှုတ်ချရတာ ဖြစ်ပါတယ်” ဟု ဦးဆောင် ရဟန်းတော် တစ်ပါးဖြစ်သည့် အရှင်  ဦးသြဘာသမှ နိရဥ္စရာသို့ ပြောသည်။

၎င်းပြင် ဦးသြဘာသက “မြန်မာနှိုင်ငံ အတွင်းမှာ တရားမျှတမူ မရှိသေးဘူး။ စစ်အအစိုးရဲ ့လက်ကျန် အမွေ အနှုစ်တွေကို ကျင့်သုံးပြီး လူထုကို အနိုင်ကျင့်နေတုန်း ဖြစ်တယ်။ မြန်မာနိုင်ငံ အတွင်းမှာ သံဃာတော်တွေ သွေးမြေခခဲ့ ရတဲ့ အဖြစ်မျိုး၊  ဓါတုလက်နက် သုံးပြီး ဖြိုခွဲ လိုက်တဲ့ ခုလိုမျိုး လုပ်ရပ်တွေ  အပေါ် ဦးဇင်းတို့ အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ လုံးဝ ရှုတ်ချတယ်။ ကန် ့ကွက်တယ်။ မြန်မာအစိုးရက ပြောတော့ ဒီမိုကရေစီ လုပ်နေတယ်။ ကျင့်သုံးနေတာတွေ အရိပ်အယောင် တစ်ခု မတွေ ့ရဘူး” ဟု ဆိုသည်။

ဘာသာရေးမှာ မြန််မာ လူမျိုးတို့၏  အသက်သွေးကြော ဖြစ်သဖြင့် ဘာသာ သာသနာကို မြန်မာ လူမျိုးများ ကိုယ်တိုင် ကာကွယ်ကြရမည်ဟု ဆိုသည်။

“နောက်ပြီး  တို့ဘာသာ သာသနာဟာ တို့လူမျိုးရဲ့ သွေးကြော အသက် နှလုံးသားဖြစ်တာကြောင့်  ဒို့သာသနာကို ဒို ့ ကာကွယ်မှ သာလျှင် ကောင်းမယ်။ ဒို ့သာသနာကို မကာကွယ် ဘူးဆိုရင် ကြာရင် ပျောက်သွားမယ်။ ဒို့နိုင်ငံလည်း ပျောက်သွားမယ်။  သွေးမိုက်ဆာ လူတစ်စုရဲ့ ဘာသာရေး အရေချုံပြီးမှ  သူတို့က အခုလို လုပ်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဦးဇင်းတို က လုံးဝ ရှုတ်ချတယ်။ ဒါတွေကို သူတို့ သိစေဖို ့ မလေးရှားမှာ ရောက်ရှိတဲ ရွှေမြန်မာ ညီအစ်ကို တိုင်းရင်းသားတွေနဲ ့ စုပေါင်းပြီး မြန်မာအစိုးရကို ရှုတ်ချပွဲ လုပ်ရတာဖြစ်တယ်″ ဟု ဆက်မိန့်ကြားသည်။

အခမ်းအနားသို့ တက်ရောက်လာသူများမှ အကြမ်းဖက် နှိမ်နှင်းမူကြောင့် ဒဏ်ရာရရှိခဲ့ကြသော ရဟန်းသံဃာများနှုင် ကျောင်းသူကျောင်းသား ပြည် သူများ အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြရာ  မလေး ရစ်ဂစ်(၄၇၀၀)နှင့်  မြန်မာကျပ်ငွေ ၁၃သိန်း ရရှိခဲ့ဟု သိရသည်။

အဆိုပါ အလှူငွေ ရင်းဂစ်  ၄၇၀၀နှင့်  မြန်မာကျပ်ငွေ ၁၃ သိန်းကို မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူ ထံသို ့လွဲ အပ် ပေးပို့သွားမည် ဖြစ်ကြောင်း မလေးရှားနှိုင်ငံ ကွာလာလာမ်ပူရ် မြို့ သာသနာ့ အောင်မြေ ကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ မိန့်ကြားသည်။

အခမ်းအနားကို မလေးရှာနှိုုင်ငံရောက် ၈၈မျိုးဆက် ကျောင်းသားများ၊  သံဃာ သမဂ္ဂများနှုင့် အထွေထွေ သပိတ်ကော်မတီ (GSC) နှုင့် NLD (LA)  မှ စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မလေးရှာနိုင်ငံ အထွေထွေ သပိတ်ကော်မတီ (GSC) ဥက္ကဌ ကိုအောင်ကြီးကလည်း နိရဥ္စသို ့ ယခုကဲသို ့ ပြောသည်။

“ရှင်းရှင်း ပြောရရင်တော့ သူတို ့ ဒီမိုကရေစီ လမ်းကြောင်းကို  လျှောက်နေပါတယ် ပြောဆိုပြီးတော့ ခုလိုမျိုး အကြမ်းဖက် ဖြိုခွင်းတဲ့ ကိစ္စကတော့ စစ်အဏာရှင်ရဲ့ အရိပ် အာဝါသ ရှိနေတုန်း၊ အဲဒီအောက်က မလွှတ်ကင်းသေးဘူး ဆိုတာကို သူတို့ ပြလိုက်တာပါပဲ” ဟု ဆိုသည်။

“အခုလိုမျိုး ဘုန်းကြီးတွေကို မျက် ရည်ဗုံးလို ့ ပြောပြီးတော့ တကယ်တမ်း ပစ််ခတ်တဲ့ ဗုံးတွေက မီးလောင်ဗုံးနဲ့ ပစ်တယ်။ ဒီလို အကြမ်းဖက်ပြီး ဘုန်ကြီးတွေကို လုပ်တာဟာ ဗုဒ္ဓ သာသနာကို စော်ကားတာနဲ ့အတူတူပါဘဲ” ဟု ပြောသည်။

စစ်ကိုုင်းတိုုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မရပ်တန့်ပါက  ဆက်လက် စုပေါင်း ဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ် သွားမည်ဖြစ်ကြောင်း မလေးရှားနှိုင်ငံ ကွာလာလာမ်ပူရ်မြို့ ဘာလပ်ဂေါင်း သာသနာ့ အောင်မြေကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ မိန့်ကြား သွားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူ ၁၅၀ကျော်ရှိပြီး  အလှူငွေများ ပေးအပ်ကာ နံနက် ၁၁ နာရီတွင် စတင်ခဲ့သော ရှုတ်ချ ကန့်ကွက်ပွဲ အခမ်းအနားကို နေ့လည် တစ်နာခွဲတွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။

Most read this week