ကချင်၌ ပထမဆုံး အကြိမ် လူ့အခွင့်ရေးနေ့ အခမ်းအနား ပြုလုပ်

ကချင်၌ ပထမဆုံး အကြိမ် လူ့အခွင့်ရေးနေ့ အခမ်းအနား ပြုလုပ်
by -
ကချင်သတင်း

ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်မနော ကွင်းမှာ ယနေ့ ဒီဇင် ဘာလ (၁၀) ရက်နေ့မှာ ကချင်လူမှု အဖွဲ့အစည်းတွေ (၉) ခုလောက် စုပေါင်း ပြီးတော့ နိုင်ငံတကာ လူ့အခွင့် အရေးနေ့ အခမ်းအနားကို ပထမဆုံး အကြိမ် အဖြစ် ပြုလုပ် ခဲ့ကြ သည်ဟု အခမ်း အနား ဖြစ်မြောက်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဦးမုန်ဆိုင်းတူးက ပြောသည်။

ကချင်၌ ပထမဆုံး အကြိမ် လူ့အခွင့်ရေးနေ့ အခမ်းအနား ပြုလုပ်

“အဓိကက ကျွှန်တော်တို့ ပတ်ဝန်းကျင် အတွင်းမှာ Human Right Declaration နဲ့ ပတ်သက်လို့ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် သိစေ ချင်လို့ပါ၊ လုပ်တာက မနောကွင်း၊ မဂျယ် ခန်းမမှာ လုပ်ပါတယ်၊ တက်ရောက်သူ တွေက (၅၀၀) လောက် ရှိပါတယ်” ဟု ဦးမုန်ဆိုင်းတူး က ပြောသည်။

ဒေသခံ လူမှု အဖွဲ့အစည်း (၉) ခု ခန့်မှ စုပေါင်း၍ ပွဲဖြစ်မြောက်ရေး ကော်မီတီ တစ်ရပ် ဖွဲ့စည်းကာ ယနေ့ ပွဲအား ပြုလုပ် ခဲ့ကြဖြင်း ဖြစ်ပြီး တစ်ဖွဲ့ တည်းမှ ဦးဆောင် ပြုလုပ်ခြင်း မဟုတ် ဟုလည်း ဆိုပါသည်။

မြန်မာ နိုင်ငံသည် လူသား အားလုံးနှင့် သက်ဆိုင်သည့် အရေးကြီးဆုံး ကြေငြာချက် တစ်ရပ် ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာ စာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် လက်မှတ် ရေးထိုး ထားသည်ဟု ယနေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်သည့် မြန်မာ့ အမျိုးသား လူ့အခွင့်အရေး ကော်မီရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

ထို့ပြင် မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလတွင် ပါရီမြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ကမ္ဘာ့ လူ့အခွင့်အရေး ကြေငြာ စာတမ်းကို အတည်ပြု ချမှတ်ရန် နိုင်ငံ အမည်ခေါ်၍ မဲခွဲ ဆုံးဖြတ် စဉ်တွင် ပထမဆုံး ထောက်ခံမဲ ပေးခဲ့သည့် နိုင်ငံ ဖြစ်သည် ဟုလည်း ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် စစ်အာဏာရှင် အစိုးရ လက်ထက်တွင် ထိုလူ့အခွင့်အရေး ကြေငြာချက် လက်ကမ်း စာစောင်အား ဝေငှသည့် လူအချို့အား ဖမ်းဆီးခြင်း များ ရှိခဲ့ဖူးသည်။

Most read this week