အိန္ဒိယ အခြေစိုက် ရခိုင် ANC ဥက္ကဌ တာဝန်မှ နုတ်ထွက်

အိန္ဒိယ အခြေစိုက် ရခိုင် ANC ဥက္ကဌ တာဝန်မှ နုတ်ထွက်
by -
နိရဥ္စရာ

အိန္ဒိယ အခြေစိုက် ရခိုင်အမျိုးသား ကောင်စီ (ANC) ဥက္ကဌ ဦးအာရိယ ၀ံသသည်  တာဝန်မှ  နုတ်ထွက် လိုက်ပြီ ဖြစ်ကြောင်း နိရဥ္စရာသို့ ပေးပို့သော စာတစ်စောင်တွင် ဖေါ်ပြသည်။

ANC

ANC ဥက္ကဌ တာဝန်မှ နုတ်ထွက်ရခြင်းမှာ ကျယ်ပြန့် ကြီးမားသော လုပ်ငန်းတာဝန်များကိုဆက်လက် ထမ်းရွက်ရန် မဖြစ်နိုင်တော့သည့် အထိ ကျန်းမာရေး မကောင်း ဖြစ်လာသည့်အတွက် တာဝန် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

၎င်းပြင် သူ့အား ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များ အားလုံးကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ဒုတိယ ဥက္ကဌအား ယာယီတာဝန်လွှဲအပ်လျှက် ရာထူးနှင့် တာဝန်မှ အပြတ်အသတ် အနားယူ နှုတ်ထွက်လိုက်ပါကြောင်းအသိပေးအပ်ပါသည်ဟု စာထဲတွင် ဖေါ်ပြသည်။

ဦးအာရိယာ  ၀ံသသည် သူ့နုတ်ထွက်လွှာအား ANC သဘာပတိကြီးများနှင့် ဗဟို ကော်မီတီများသို့ နိုဝင်္ဘာလ ၁၄ ရက်နေ့ကတည်းက  ပေးပို့ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ နှုတ်ထွက်ခြင်းမှာ မည်သူ တစုံတယောက်၏ ပယောဂကြောင့်မျှ မဟုတ်၊ မိမိ၏ ကျန်းမာရေး အခြေအနေ အရသာဖြစ်၍ လောလောဆယ်တွင် မည်သည့် စုံစမ်း မေးမြန်းခြင်းမျိုးကို ဖြစ်စေ လက်ခံ ရှင်းလင်းနေမည် မဟုတ်ဟုလည်း စာထဲတွင် ဖေါ်ပြသည်။

ရခိုင်အမျိုးသားရေးကို ဆောင်ရွက်ရန် နိုင်ငံရေး  ပါတီများ၊ တသီးပုဂ္ဂများဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည် အမျိုးသားကောင်စီ  ANC နှစ်ခု ကွဲနေရာ တစ်ခုကို ဆရာတော် ဦးအာရိယဝံသက ဦးဆောင်ပြီး အိန္ဒိယတွင် အခြေစိုက်ကာ နောက်တစ်ဖွဲ့ကို ဆရာတော် ဦးသီဟက ဦးဆောင်ပြီး ထိုင်းနယ်စပ်တွင် အခြေစိုက်ကြောင်း သိရသည်။

Most read this week