နယူးယောက်မြို့ မြန်မာ ကောင်စစ်ဝန်ရုံုးရှေ့ဆန္ဒပြ

နယူးယောက်မြို့ မြန်မာ ကောင်စစ်ဝန်ရုံုးရှေ့ဆန္ဒပြ
by -
နိရဥ္စရာ

အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင်  မြန်မာ့ ဒီမိုုရေစီ အင်အား စုုများမှ ဒီဇင်္ဘာလ ၈ ရက်နေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

US-protest

ကန့်ကွက် ဆန္ဒပြရသည့် အကြောင်းအရင်းမှာ စစ်ကိုုင်းတိုုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ သပိတ်စခန်းဖွင့် တောင်းဆိုနေသာ ရဟန်းသံဃာများနှင့် ကျောင်းသား ပြည်သူများကို အစိုးရမှ မီးလောင်ဗုံးများ သုံးကာ အကြမ်းဖက် နှိမ်နှင်းမူ အပေါ် မကျေနပ်၍ ကန့်ကွက် ဆန္ဒပြခြင်း  ဖြစ်သည်ဟု သံဃာ့တပ်ပေါင်းစုု ပြည်ပ တာဝန်ခံ ဦးပညာဇောက ပြောသည်။

“အခုုလိုု သံဃာတော်တွေကိုု မီးလောင်ဗုံုးနဲ့ ပစ်ခတ် ဖြိုခွင်းတဲ့ အထဲမှာ ပါ၀င်တဲ့ အဖွဲ့အစည်းနဲ့ လူပုုဂ္ဂိုလ် တွေကိုု အရေးယူ ဆောင်ရွက်ပေးဖုုိ့ ဦးဇင်း တောင်းဆိုလိုတဲ့ အတွက် ဒီဆန္ဒပြပွဲကို ပြုလုပ်ရတာ ဖြစ်တယ်။ ဒါ့အပြင် ဖြိုခွင်းတဲ့ နေရာမှာ  ဓါတုု လက်နက်တွေ သုံုး⁄ မသုံုး ဆိုုတာကိုု နိုုင်ငံတကာ စုံုစမ်း စစ်ဆေးရေး အဖွဲ့အစည်းတွေကိုု လာရောက် စစ်ဆေးခွင့်ပြုဖိုု့ ဒီနေရာကနေ ဦးဇင်းတို့ တောင်းဆိုုပါတယ်“ ဟုု ပြောသည်။

ကြေးနီးတောင် စီမံကိန်း ရပ်တန့်ရေး အတွက် ပြည်သူများ တောင်းဆိုနေမူ အပေါ် ရဟန်းတော်များကလည်း ထောက်ခံသည့် အနေဖြင့်   သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာ တောင်းဆိုနေမူကို  နိုုဝင်္ဘာ ၂၉ ရက်  နံနက် အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက  လက်နက်ဆန်း တမျိုးကို အသုံးပြုကာ အကြမ်းဖက် နှိမ်နင်း ဖြိုခွဲ ခဲ့သဖြင့်  ရဟန်း သံဃာ ၈၀ ကျော် အပါအဝင်  လူပေါင်း ၁၀၀ နီးပါးခန့် မီးလောင် ဒဏ်ရာများ ရရှိခဲ့သည်။

ဆန္ဒပြပွဲကိုု ဦးဆောင်ရာတွင် ပါ၀င်သူ  တဦးဖြစ်သည့် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုုနေတင်မြင့်ကလည်း အစိုးရကို အချက် ၄ ချက်တောင်းဆိုကြောင်း ပြောကြားသည်။

“တောင်းဆိုတဲ့ အချက်တွေကတော့ နံပတ် (၁)   အကြမ်းဖက် ဖြိုခွင်းမှုကိုု လုံုးဝ လက်မခံပါဘူး၊ ဒါကြောင့် နောက်နောင်ကို ဥပဒေမဲ့ လုုပ်ရပ်တွေ မလုုပ်ဖိုု့ တောင်းဆိုု တိုုက်တွန်းတယ်။ နံပတ် (၂) ကတော့ ကော်မရှင် စစ်ဆေးနေစဉ် ကာလမှာ လက်ပံတောင်းတောင် စီမံကိန်းကိုု ရပ်ဆိုုင်းထားရမယ်။ (၃) ကတော့ ကော်မရှင်က ထွက်ပေါ်လာမယ့် ရလဒ်တွေကိုု အစိုုးရအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက် ပေးရမယ်။ ဒါအပြင် ပြည်သူ့ဆန္ဒ မကိုုက်ညီဘူး ဆိုရင်၊  ပြည်သူက လက်မခံဘူးဆိုုရင် လက်ပံတောင်းတောင် စီမံကိန်းကိုု ဖျက်သိမ်းပေးရမယ်။ နံပတ် (၄) က မီးလောင် အကြမ်းဖက် ခံရတဲ့ သံဃာတော်တွေနဲ့ လူပုုဂ္ဂိုလ်တွေကိုု အစိုုးရအနေနဲ့ တာဝန်ယူ ဆေးကုုသမှု ပေးပြီး  ၀န်ချ တောင်းပန်ရမယ်” ဟုု ပြောသည်။

၎င်းပြင် ဆန္ဒပြပွဲတွင် ပါ၀င်သူ ရခိုင်ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးခိုင်အောင်ကျော်မှလည်း အကြမ်းဖက် ဖြိုခွင်းသည့် လုပ်ရပ်မှာ ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ပြောကြားသည်။

“မြန်မာနိုုင်ငံကို  ဒီမိုုကရေစီ စနစ်သို့ ပြောင်းလဲနေပါတယ်ဆိုုတဲ့ အစိုုးရရဲ့ လက်တွေ့ လုပ်ရပ်နဲ့ အပြောက ဗြောင်းပြန် ဖြစ်နေတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကိုု ရန်သူသဖွယ် အကြမ်းဖက် ဖြိုခွင်း လုုိက်တာဟာ ဒီမိုကရေစီ စနစ်ရဲ့ လုုပ်ရိုုး လုုပ်စဉ် မဟုတ်ဘူး။ ဒါကြောင့် အခုုလိုုလာရောက်ပြီး ကန့်ကွက် ရှုတ်ချရတာ ဖြစ်ပါတယ်“ ဟုု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီး စီမံကိန်းကို စစ်တပ် ဦးပိုုင်ကုုမ္ပဏီ လီမီတက်နှင့် တရုုပ် စက်လက်နက် ထုုတ်လုပ်သည့် ၀မ်ပေါင် ကုုမ္ပဏီတိုု့ အကြား ဖက်စပ် လုပ်ကိုင်နေသည်။

ကြေးနီးတောင် စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်များကို မြန်မာနိုင်ငံ အစိုးရဘက်မှ  ၁၆ ဒဿမ ၈ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္မဏီက ၁၃ ဒဿမ ၈ ရာခိုင်နှုန်းနှင့်  ၀မ်ပေါင် ကုမ္မဏီက ၁၃ ဒဿမ ၃ ရာခိုင်နှုန်း ခွဲဝေရရှိမည် ဖြစ်ကြောင်း ဒီဇင်္ဘာလ ရ ရက်နေ့က တရုတ်သံရုံးတွင်  ပြုလုပ််သော သတင်းစာရှင်းလင်းပွဲတွင်  တရုတ် သံအမတ်ကြီး လီကျွန်ဟက ပြောသည်။

ကြေးနီးတောင် စီမံကိန်းကြောင့် သိမ်းဆည်းထားသော လယ်မြေဧကမှာ  ၆၀၀၀ ကျော်ရှိပြီး တစ်ဧကို ကျပ် (၅) သိန်းနုန်းဖြင့် စုစုပေါင်း လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ငါးသန်းကျော်  ပေးခဲ့ပြီ ဖြစ်သည်ဟု တရုတ် သံအမတ်က ပြောသည်။

နယူးယောက်မြို့ ကောင်စစ်ဝန်ရုံး ဆန္ဒပြပွဲသိုု့ မြန်မာ အရေး လူပ်ရှားသူ လူအင်အား ၁၀၀ နီးပါးခန့်တက် ရောက်ခဲ့ပြီး  နေ့လည် ၂ နာရီ တွင် အဆုံးသတ်ခဲ့ကြသည်။

Most read this week