မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ် မတူပီမြို ့နယ်တွင် စစ်တပ်က ဆင်းရဲနွမ်းပါးမှူ ပပျောက်ရေး အတွက် လှူဒါန်းခဲ့သည့် ပစ္စည်းများကို ဒေသခံ အာဏာပိုင်များက အလွဲသုံးစားပြုလုပ် ခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ – ၁ (ကစထ)မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်တို့ သွားရောက်စဉ် အလှူပစ္စည်းများကို မတူပီမြို့ အုပ်ချုပ်ရေးမှူးရုံးသို ့ ပေးလှူခဲ့ခြင်းဖြစ်သည်ဟု မြို့ခံ တဦးကဆိုသည်။
“ဒုတိယ ဗိုလ်ချုပ်ကြီး ရာဟတ်ယာဉ်နဲ ့လာတုန်းက ပေးတာ၊ မတူပီမြို့အုပ်ချုပ်ရေးမှူး အဖွဲ ့တွေဆီ ပေးသွားတာပေါ့။ သူတို့က ကျေးရွာ အုပ်ချုပ်ရေး မှူးအဖွဲ ့ထံ တဆင့်လွှဲပေးတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ ့က အဲဒီပစ္စည်းတွေကို သူတို ့ကြိုက်သလို ယူကြတာကို ရွာသားတွေက မကြေနပ် ကြဘူး” ဟုအဆိုပါ ဒေသခံကဆိုသည်။
ယင်းအလှူ ပစ္စည်းများကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ နိုဝင်ဘာလက ပေးလှူခဲ့ရာ ၄င်းမှတဆင့် ဒီဇင်ဘာလ (၃)ရက်နေ ့တွင် မတူပီမြို့နယ် မြောက်ဘက်ရှိ တီန်ဆီးကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ ့ထံ လွှဲပေးခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ ့က အလွဲသုံး စားပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ ့က သူတို ့နဲ ့နီးစပ်သူတွေကို ဦးစားပေးပြီး ဝေတာ၊ သူတို ့မကြိုက် မနှစ် သက်တဲ့ အဝတ်အထည်တွေကိုဘဲ လူထုကိုပေးတယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ ့ဖြစ်တဲ့ ဦးသန်းလယ်က ၅ ထည်ယူတယ်။” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
ထို့အပြင် ယင်းအလှူပစ္စည်းထဲမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှန်အုပ်၏ ဇနီး ဒေါ်ငွေနီ၊ အုပ်စုစာရေး ဦးရာလ်ခန်းထုန်နှင့် ဇနီး ဒေါ်ခွါဘန်း၊ ဒု ကျောင်းအုပ် ဦးဖွာထန်းလျန်၊ ရပ်မိရပ်ဖ ဦးဗန်ကွိနှင့် ဆယ်အိမ်ခေါင်း ဦးလယ်ချာတို ့မှလည်း ခွဲဝေယူကြကြောင်း သိရသည်။
ကာလတန်ဖိုးအားဖြင့် ကျပ်ငွေ သိန်း ၂၀၀ တန်ရှိသည့် အလှူပစ္စည်းကို သက်ဆိုင်ရာ အာဏာပိုင်များက အလွဲသုံးစား ပြုလုပ်ခဲ့သည့် အပြင် ဒေသခံ လူထုထံမှ သယ်ယူပို့ဆောင်ခ အဖြစ် တအိမ်ထောင်လျင် ကျပ်ငွေ ၁,၅၀၀ နှုန်း ကောက်ခံခဲ့ကြောင်း သိရသည်။