ရခိုင်အဖွဲ့ အားလုံး ပါ၀င်နိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲကြီး ထိုင်းနိုင်ငံတွင် ကျင်းပမည်

ရခိုင်အဖွဲ့ အားလုံး ပါ၀င်နိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲကြီး ထိုင်းနိုင်ငံတွင် ကျင်းပမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ရခိုင်တမျိုးသားလုံး ပါ၀င်နိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲကြီး တစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည်နှစ် ဇန်နဝါရီလတွင် ၃ ရက်ကြာ ကျင်းပသွားမည်ဟု သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လုပ်ငန်းကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ DPA ဒုဥက္ကဌ ဦးညီညီလွင်မှ နိရဥ္စရာသို ့  ပြော သည်။

“ကျွန်တော်တို့ ရခိုင် အဖွဲ့အစည်း အားလုံးပါ၀င်နိုင်တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ ၃ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေးအသွင် ကူးပြောင်းရေး၊ နိုင်ငံရေး အပြောင်းအလဲကာလမှာ တိုင်းရင်းသား အင်အားစု များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာလမှာ မကြာမီက ပင်လုံကဲ့သို့သော ညီလာခံဖြစ်ပေါ်လာရင် ရခိုင်အမျိုးသား ဖက်ကလည်း မိမိတို့အမျိုးသားများဆိုင်ရာ ရပိုင်ခွင့် အခွင့်အရေးတွေကို ရယူဖို့ အမျိုးသားဘုံဝါဒ တစ်ခု ချမှတ်နိုင်ဖို့ အတွက် ဖြစ်ပါတယ်” ဟုပြောသည်။

၄င်းက ဆက်ပြီး “စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ နေ့ထိ ထိုင်းနိုင်ငံချမ်းမိုင် (ဇင်းမေ) မြို့မှာ ချမှတ်ကြတဲ့ တိုင်ရင်းသားညီလာခံကငြိမ်းချမ်း ရေးလမ်းပြမြေပုံ ၆ ချက်မှာ ပြည်နယ်တိုင်းမှာ ညီလာခံ ခေါ်ပြီးတော့ ပင်လုံ ကဲ့သော တပြည်လုံးညီလာခံ ခေါ်ယူ ပြီး တိုင်းရင်းသား အခွင့်အရေး များပါတဲ့ နိုင်ငံရေး သဘောတူညီ ချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ရခိုင်လူမျိုးတခုလုံးကို ကိုယ်စားပြုနိုင်တဲ့ အမျိုးသား ကွန်ကရက်တရပ်ကို ဖေါ်ဆောင် သွားဖို့ဆိုတဲ့ မျှော်မှန်းချက်များကို အခြေခံပြီး တော့ ပထမအဆင့်ဒီ workshop ကို ပြုလုပ်တာပါ” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီးမှ  ပူးပေါင်းလုပ်ကိုင်နိုင်ရန် ရခိုင် တပြည်လုံး ညီလာခံ တခုကိုလည်း ခေါ်ယူနိုင်ရန် အစီအစဉ်  ရှိသည်ဟုလည်း သူကဆိုသည်။

“ကိုယ်ပိုင် ပြဌာန်းခွင့်၊ တန်းတူခွင့် အပေါ် အခြေခံပြီး ဘုံလမ်းစဉ် တခုပေါ်ပေါက်ရေးနဲ့ အဲဒီ အပေါ်မှာ အခြေခံပြီး တူညီတဲ့ အချက်တွေကို အခြေခံပြီး ပြည်တွင်း ပြည်ပ အချိတ်အဆက်ရှိရှိ ပူးပေါင်း လုပ်ဆောင်ကြဖို့ ရည်ရွယ်ပါတယ်။ ဒါပြင် ရခိုင် တပြည်လုံးညီလာခံ ခေါ်ယူနိုင်ဖို့ ကိစ္စရပ်လည်း  အဓိ ကထား ဆွေးနွေးမှုတွေ အထဲမှာ ပါ၀င်ပါမယ်။ ၁၉၄၇ခု မြေပုံညီလာခံ ကဲ့သို့သော ကျယ်ပြန့်တဲ့ ညီလာခံတစ်ခု ခေါ်ယူဖို့ ဘုံအမျိုး သား လမ်းစဉ် ချမှတ်ကာ ကြိုတင်ပြင်ဆင်နိုင်ဖို့၊ ပြီးရင် ခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက် နေတဲ့ ဘင်္ဂလီမူဆလင်နဲ့ ရခိုင်တွေအကြားမှာ ဘယ်လိုဘယ်ပုံအဖြေရှာပြီး ဘုံဝါဒ ချမှတ်နိုင်ဖို့ ကိစ္စတွေ ပါ၀င်မှာဖြစ်ပါတယ်” ဟုပြောသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်တွင်းမှ ရခိုင်အဖွဲ့အစည်းများ ဖြစ်သည့် ALD, RNDP ၀န်လက် ဖေါင်းဒေရှင်း၊ ရခိုင်အမျိုးသားကွန်ယက်၊ ရခိုင်အမျိုးသမီးများကွန်ယက်၊ ရခိုင်ကျောင်း သားသမဂ္ဂ၊ ရခိုင်လူငယ်များ အစည်းအရုံးစသည့် အဖွဲ့အစည်းများနှင့် ပြည်ပမှ AA, ALP, ANC, DPA, NUPA, နှင့် AASYC တို့ကိုပါ ဖိတ်ခေါ်သွား မည်ဟု သိရသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်မှုဖြစ်လျှင် ရခိုင်အမျိုးသားရေး ကိစ္စရပ်များကို ထိရောက်စွာ လုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးညီညီလွှင်က ပြောသည်။

အဖွဲ့အစည်း အသီးသီး ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေး ပွဲဖြစ်မြောက်ရေး ကော်မတီတခုကို လည်း အဖွဲ့ဝင် (၈) ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။  (၄) ကြိမ်တိုင်တိုင် ဆွေးနွေးပြီးမှ နိုဝင် ဘာ ၂၈ရက်နေ့က ထိုင်းနိုင်ငံ ဇင်းမေ (ချင်းမိုင်မြို့)တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖြစ်မြောက်ရေး ကော်မတီ အကြံပေးအဖွဲ့တွင် ဒေါက်တာခင်မောင်(ANC) ဒေါ်စောမြရာဇာလင်း (RWU)၊ ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်(ရက္ခိုင့်တပ်မတော်) တို့ဖြစ်ပြီး လုပ်ငန်း ကော်မတီသင်များမှာ ဗိုလ်မှူးကျော်ဟန် (ရက္ခိုင့်တပ်မ တော်)၊ ဦးညီညီလွင်(ANC)၊ ဦးဝင်းအောင်( Shwe gas Movement) စောစံငြိမ်းသူ (RWU) နှင့် စောနုနုခင်(RWU) တို့ ဖြစ်ကြသည်။

ဆွေးနွေးပွဲကို လာမည့်နှစ် ၂၀၁၃-ခုနှစ် ဇွန်နဝါရီလ (၇၊ ၈၊ ၉)ရက်များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဟု သိရသည်။

Most read this week