ငြိမ်းချမ်းရေးကိစ္စ RCSS ကိုယ်စားလှယ်အဖွဲ့ မူစယ်မြို့ခံများနှင့် တွေ့မည်

ငြိမ်းချမ်းရေးကိစ္စ RCSS ကိုယ်စားလှယ်အဖွဲ့ မူစယ်မြို့ခံများနှင့် တွေ့မည်
by -
သျှမ်းသံတော်ဆင့်

အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့် အပေါ် သျှမ်းလူထု၏ သဘောထား သိရှိနိုင်ရန် သျှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)  ကိုယ်စားလှယ်အဖွဲ့က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ သျှမ်းပါတီများ ၊ ရပ်မိရပ်ဖ များနှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ တာချီလိတ်တွေ့ဆုံပွဲက တွေ့ရသော ဗိုလ်မှူးချုပ်ပေါင်ခေး

အဆိုပါကိစ္စ တွေ့ဆုံဆွေးနွေးရန် မူစယ်မြို့ပေါ်ရှိ သျှမ်းနိုင်ငံရေးပါတီများ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဝင်များနှင့် ရပ်မိ ရပ်ဖများအား RCSS ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့် အဖွဲ့မှ ဖိတ်ကြားထား ကြောင်း သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီကနေ့ကျနော်တို့ ယဉ်ကျေးမှုရုံးမှာပဲ စဝ်ပေါင်ခေးဦးဆောင်တဲ့ အဖွဲ့က တွေ့ဆုံပွဲလုပ်မယ်။ ရပ်မိရပ်ဖတွေပါ မယ်။ သျှမ်းပါတီ နှစ်ခုပါမယ်။ ယဉ်ကျေးမှုအဖွဲ့ကပါမယ်။ နောက်ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကိုလည်းဖိတ် ထားတယ်။ လောလောဆယ် ဒီလောက်ပဲ ပြောလို့ရသေးတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ငြိမ်းချမ်းရေးကိစ္စ RCSS / SSA နှင့် အစိုးရတို့ နှစ်ဘက် လက်မှတ်ထိုးအပြီး RCSSမှ သျှမ်းပြည်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံခွင့်ရရန် အစိုးရထံ တင်ပြထားရာ ယခုအခါ  သျှမ်းလူထုနှင့်တွေ့ဆုံခွင့် ရရှိ၍၄င်းကိုယ် စားလှယ်အဖွဲ့ သျှမ်းပြည် (မြောက်ပိုင်း)သို့ ထွက်ခွာလာခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိမြို့နယ် တိုင်းတွင် သျှမ်းလူထုနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။