မသီတာထွေး အမှတ်တရ အလယ်တန်းကျောင်းဆောင်သစ် ဆောက်မည်

မသီတာထွေး အမှတ်တရ အလယ်တန်းကျောင်းဆောင်သစ် ဆောက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် သပြေချောင်းကျေးရွာတွင်  မသီတာထွေး အမှတ်တရ အလယ်တန်းကျောင်းဆောင်သစ် တစ်ခု တည်ဆောက်သွားမည်ဟု သိရသည်။

မသီတာထွေး နေထိုင်ခဲ့ရာ သပြေချောင်းကျေးရွာ မူလတန်းကျောင်းအား အလယ်တန်းအဆင့်သို့ အစိုးရမှ တိုးမြှင့်လိုက်ပြီး နောက်ပိုင်း အလယ်တန်းကျောင်းဆောင်သစ်အား မသီတာထွေး အမှတ်တရ အဖြစ် တည်ဆောက်သွားမည်ဟု ဆိုသည်။

အဆိုပါ ကျောင်းဆောင်သစ်အတွက် အစိုးရမှလည်း ငွေကြေးထည့်ဝင်သွားမည် ဖြစ်သလို ဒေသခံများမှလည်း စုပေါင်း ထည့်ဝင်သွားမည်ဟု ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှလည်း မသီတာထွေး ရုပ်ပုံပါ ပြက္ခဒိန်ကို ထုတ်ဝေပြီး ရန်ပုံငွေ စတင် ရှာဖွေနေပြီ ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ အခု မသီတာထွေး  ရုပ်ပုံနဲ့ ၂၀၁၃ ခုနှစ် ပြက္ခဒိန် ထုတ်ပြီး ကျောင်းဆောင်သစ် အတွက် ရံပုံငွေ စတင်ရှာဖွေနေပါပြီ။ ပြက္ခဒိန် တစ်ခုကို ကျပ် ၄၀၀ နဲ့ ရောင်းပါတယ်။ အခု မြို့နယ်တိုင်းမှာ ရောင်းချနေပါပြီ” ဟု ရတပ ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

ကျောင်းစတင်မည့်ရက်ကို မသတ်မှတ်ရသော်လည်း ငွေကြေးပြည့်စုံသည်နှင့် စတင် အကောင်အထည် ဖေါ်နိုင်လိမ့်မည်ဟု သူက ပြောသည်။ လှူဒါန်းကူညီလိုသူများ အနေဖြင့် ၀၀၉၅- ၉၈၅၀၀၈၁၆ သို့ ဆက်သွယ် ကူညီလှူဒါန်းနိုင်သည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ် သပြေချောင်းရွာမှ မသီတာထွေးသည် ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့က ကျောက်နီမော်ရွာမှ မိမိကျေးရွာသို့ အပြန် မသမာသူ ဘင်္ဂလီ လူငယ် ၃ ဦး၏  မတော်တရား ပြုကျင့်ခံရပြီး အသတ်ခံခဲ့ရသည်။

အသတ်ခံရပြီးနောက်ပိုင်း သူမအတွက် လက်စားချေ တိုက်ခိုက်မူများ ပေါ်ပေါက်လာပြီး ပြဿနာမှာ ကျယ်ပြန့်သွားပြီး ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်များ ပေါ်ပေါက်ခဲ့သည်။

Most read this week