မန္တလေးမြို့ရှိ ‘သုခရိပ်မြံု’ ခေါ် HIV ရောဂါပိုး ကူးစက်ခံထားရသည့် မိဘမဲ့ ကလေးသူငယ်များ ဂေဟာတွင် တန်ဆောင်တိုင် ပျော်ရွှင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေသူ မအမာနီ က ပြောသည်။
“ဒီနေ့က တန်ဆောင်းမုန်းလပြည့်နေ့လည်းဖြစ်တော့ ကလေးတွေ ပျော်ပွဲရွှင်ပွဲအတွက်ပါ။ ကလေးတွေက အရမ်းငယ် သေးတယ်။ ပံ့သကူ ငွေလေးတွေ သွားဝှက်ပေးတယ်။ အလှူရှင် မိသားစုတစုက ကလေးတွေကို ကစားကွင်း လိုက်ပို့ပေးတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီကလေးတွေက အခုချိန်ထိ အပါယ်ခံဘဝမှာပဲ ရှိသေးတယ်ဗျ” ဟု မဇ္စျိမကို ပြောသည်။
ထိုဂေဟာတွင် အသက်အငယ်ဆုံး ၃ နှစ်မှ အကြီးဆုံး ၁၁ နှစ်ရွယ်ရှိကလေးသူငယ် မိန်းကလေး ၃ ဦး၊ ယောက်ျား လေး ၅ ဦးတို့အား စောင့်ရှောက်ပေးထားသည်။
မြဝတီမင်းကြီး ကျောင်းတိုက်တွင် ထိုကလေးသူငယ်များနေထိုင်ရန် အဆောက်အဦ ဆောက်လုပ်နေဆဲ ဖြစ်၍ ၃၅ နှင့် ၃၄ လမ်းကြား ၆၅ လမ်းတွင် ယာယီ ဖွင့်လှစ်ထားကြောင်း “ကလေးတွေကို စာရေးဆရာမ ဒေါ်နှင်းဆီအောင် က ကျောင်းအုပ်ဆရာမ အဖြစ်နဲ့ ကူညီပေးပါတယ်။ ကူညီစောင့်ရှောက်သူ နှစ်ယောက်၊ ထမင်းချက် တယောက် ရှိပါတယ်။ စေတနာ့ဝန်ထမ်း ဆရာမလေးတွေ လာသင်ပေးတယ်” ဟု မအမာနီ က ဆိုသည်။
ကလေးများ၏ အမည်ဖြင့် ဘဏ်စာရင်း ဖွင့်ပေးထားပြီး အများနည်းတူ အစိုးရ ကျောင်းများတွင် တက်ရောက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
“လူတွေက ဒီကလေးတွေပေါ်မှာ မေတ္တာလည်းပေးပါ။ မိသားစု ဆိုတဲ့ မေတ္တာတခု တကယ်ကို လိုအပ်နေ တာပါ။ ပွေ့ဖက်နမ်းရှုံ့လို့ ဒီရောဂါပိုးဟာ မကူးနိုင်ပါဘူး” ဟု မအမာနီ က ဆိုသည်။
ကလေးများအတွက် တနေ့တာ ကုန်ကျစားရိတ် ကျပ်ငွေ တသောင်းခွဲ ခန့်ရှိပြီး မန္တလေးဆေးရုံကြီးမှ ART ဆေးဝါး များ ပေး၍ ဆေးရုံတက်ရောက်သည့် အခါများတွင်လည်း အကူအညီပေးကြောင်း သိရသည်။
မန္တလေးမြို့တွင် HIV ရောဂါပိုးရှိသူ ကလေးသူငယ် အများအပြားရှိသော်လည်း အရေအတွက် အတိအကျ မသိရှိရပေ။
ကုလသမဂ္ဂ၏ ၂ဝဝ၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၂၄ဝ,ဝဝဝ မှာ HIV ပိုး ကူးစက်ခံထားရပြီး နှစ်စဉ် ၁၈,ဝဝဝ ခန့် သေဆုံးနေကြရသည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား HIV/AIDS ရောဂါခံစားနေရသူများအပါ် ခွဲခြား ဆက်ဆံမှုများ ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ UNAIDS သံတမန်တဦးအဖြစ် ခန့်အပ် တာဝန်ပေးလိုက် ကြောင်း ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က နိုဝင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်ကြေ ညာသည်။