ဖားကန့်တွင် KIA က ကျေးဇူးတော်ချီးမွမ်းပွဲတော် ပြုလုပ်

ဖားကန့်တွင် KIA က ကျေးဇူးတော်ချီးမွမ်းပွဲတော် ပြုလုပ်
by -
ကချင်သတင်း

မြန်မာအစိုးရနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်ကြားက ဖားကန့်မြို့နယ်အတွင်း ကချင်ပြည်လွတ်လပ် ရေးတပ်မတော် KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေ ဂင်ဆီဆိုင်းရာ (Ginsi Seng Ra) တွင် ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲတော်ကို နိုဝင်ဘာလ ၂၄ ရက် စနေနေ့က ရောတ်ဝန်လီး (Rawt Wun Li) ခန်းမတွင်ပြုလုပ်ကျင်းပခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေချိန်ဖြစ်သော်လည်း ကျေးဇူးတော်ချီးမွမ်းစရာများရှိသောကြောင့် ပြုလုပ်ရခြင်းဖြစ် ကြောင်းတပ်ရင်း (၆) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အင်ခွမ်ဇော်ဒွဲမှ မိန့်ခွန်းပြောကြားခဲ့သည်ဟု ပွဲတွင်ပါ၀င်သော ကျောက်ကုန်သည်တစ်ဦးပြောသည်။

thanksgiving-kia-battalion-6 600 400

“ခုချိန်စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ ကျေးဇူးတော်ချီးမွမ်းပွဲကို အကြောင်းမျိုးမျိုးကြောင့်မလုပ်နိုင်သူတွေနဲ့ ရှေ့တန်းမှာ ရောက်ရှိနေသူတွေ အားလုံးအတွက် ကျေးဇူးတော်ချိီးမွမ်းခြင်းဖြစ်တယ်။ စစ်ပွဲတွေဘယ် လောက်ထိ ပြင်းထန်နေပါစေ၊ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေပါစေ ဘုရားသခင်ရဲ့ ကောင်းချီး ကျေးဇူးမင်္ဂလာကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးခံစားရတယ်။ အောင်ပွဲတွေခံစားခွင့်ရတယ်။ ငွေကြေးတွေလည်းပြည်တွင်းငြိမ်းချမ်း တဲ့အချိန်ထက် ပိုပြီးရရှိခံစားရတယ်။” ဟု ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲမှ ပြောဆိုခဲ့ကြောင်း ကျောက်ကုန်သည် က ဆိုသည်။

အဆိုပါကျေးဇူးတော်ချီးမွမ်းပွဲသို့ ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ ဂွေခါနှင့် ဥရုဆိုင်းမော်ဒေသမှ ခရစ်ယာန်ဘာသာရေးဆရာများနှင့် ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အစိုးရဝန်ထမ်းများနှင့် ရပ်ကွက်လူကြီးများလာရောက်ခဲ့သည်။

ပွဲတော်သို့ လာရောက်ပါ၀င်သူများမှလည်း ချီးမွမ်းခြင်းပွဲတော်သို့ ပလိုင်း ၂၅၀ ဖြင့် အသီးသီး သစ်သီးဝံလံနှင့် ပူဇော်ပစ္စည်းများ ယူဆောင်လာခဲ့ကြောင်းသိရသည်။

ထိုကျေးဇူးတော်ချီးမွမ်းသည့် အသီးအနှံများကို မြန်မာစစ်တပ် ဖားကန့် ဗျူဟာမှူး၊ တပ်ရင်းမှူးများနှင့် ဥရုဆိုင်းမှော်မှ ခရစ်ယာန် သာသနာရေးဆရာများ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ မြန်မာအစိုးရရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ အစိုးရ စာသင်ကျောင်းများနှင့် ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နေရာတိုင်းသို့ သစ်သီးတောင်းများကို ချစ်မေတ္တာဖြင့် မျှဝေခဲ့ကြောင်းသိရသည်။

ဖားကန့် ဂင်ဆီဆိုင်းရာ(Ginsi Seng Ra) ရောတ်ဝန်လီး (Rawt Wun Li) ခန်းမတွင်ပြုလုပ်သော ကျေးဇူးတော်ချီးမွမ်းပွဲတော်သို့ ဖိတ်ကြားထားသော ဒေသခံများစုပေါင်း အယောက် ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။

ယခုချိန်တွင် ဖားကန့်ဒေသတွင်း အစိုးရစစ်တပ်များ စစ်အင်အားတိုးချဲ့ကာ နှစ်ဖက်တိုက်ပွဲအချိန်မရွေးဖြစ်ပွား နိုင်သော အချိန်ဖြစ်ကြောင်းလည်း ဒေသခံများပြောသည်။

Most read this week