ကယား(ကရင်နီ) အဖွဲ့ပေါင်းစုံမှ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်

ကယား(ကရင်နီ) အဖွဲ့ပေါင်းစုံမှ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ပြည်တွင်းပြည်ပရှိ အဖွဲ့ပေါင်းစုံမှ လူငယ်များတွေ့ဆုံဆွေးနွေးပွဲ Youth Forum ကို ဒီးမော့ဆိုမြို့နယ် သေးဆိုလဲကျေးရွာ နှစ်ခြင်းခရစ်ယာန်ခန်းမဆောင်မှာ နှစ်ရက်သာ ကျင်းပပြုလုပ်သွားလို့ သိရပါတယ်။

အခုလို ပြည်တွင်းပြည်ပရှိ လူငယ်များ အဖွဲ့ပေါင်း ၁၄ဖွဲ့ကနေပြီးတွေ့ဆုံဆွေးနွေးမူ ပြုလုပ်နေကြတာဟာ ကယားပြည်နယ်မှာက ပထမ ဆုံးအကြိမ်ဖြစ်ပါတယ်။ အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်တွေ စုစုပေါင်း အယောက် ရ၀ ကျော်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ကယားပြည်နယ် လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

youth network for kayah အဖွဲ့မှ မော်ရီးမြာက "အခုလို လူငယ်တွေ ပေါင်းစုံ အဖွဲ့အသီးသီး ကတွေ့ဆုံရတဲ့အတွက် အရမ်းဝမ်းသာတယ် တခါမှ မတွေ့ဖူးတဲ့ အဖွဲ့တွေလဲတွေ့ရတယ် ဒီလို စုပေါင်း လုပ်ဆောင် ခြင်းဖြင့် ကျမတို့ ရဲ့ဆန္ဒတွေကို ပွင့်လင်းစွာ ထုတ်ဖော်ခွင့် ရလာတာပေါ့နော် လူငယ်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစားချက် တွေကို သိမြင် ဖလှယ်ခွင့် ရလာတယ် ပြီးတော့ လူငယ်တွေဟာ ဘယ်လောက် အရေးပါလဲ နိုင်ငံတစ်ခုမှာ လူငယ်တွေရဲ့ အခန်းဏ္ဍကို ဘယ်လို့ အရေးကြီးသလဲ ဆိုတာ ကျမတို့ သိမြင်လာပြီးမှ ကျမတို့ ဘယ်လို ပါဝင်လုပ်ဆောင်ကြမလဲ ဆိုတာသိလာပြီး  ဒီ အစီစဉ်မှာ ဗဟုသုတ အများကြီးရခဲ့ပါတယ်" လို့  ပြောပါတယ်။

လူထုအခြေပြု အဖွဲ့အစည်းတွေဖြစ်ကြတဲ့ UKSY (ညီညွတ်သော ကရင်နီပြည်ရဲ့ လူငယ်များအဖွဲ့) ,YNFK(YOUTH NETWORK FOR KAYAH), UCF(UNIVERSITY CHRISTIAN FELLOWSHIP), KDY( ကန္တရဝတီလူငယ်), DYF( DEMAWHSO YOUTH FELLOWSHIP), MZM(LOIKAW) မဇျ္စိမနှလုံးသား, BY(ကယားရောင်ခြည်), လောကပါလ(ဖယ်ခုံ), KAYAH PHU, KAYAH BAPTIST ASSOCIATION, လူမှုကွန်ယက်အကျိုးပြုအဖွဲ့, KARUNA (LOIKAW), ကေ့ထျိုးဘိုးနှင့် ဆွေသဟာ စတဲ့အဖွဲ့အစည်းမှ လူငယ် အဖွဲ့ကိုယ်စားလှယ်တွေက တက်ရောက်လာကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို နိဝင်ဘာလ၂၃ မှ၂၄ ရက်နေ့ အထိကျင်းပပြုလုပ်ကြပြီးနောက် ကယား(ကရင်နီ တမျိုးသား လုံးရဲ့ လူငယ်တွေအတွက် ထုတ်ပြန်ကြေငြာချက် (statement ) တစ်စောင်ထုတ်ပြန် ကြေငြာထားတယ်လို့သိရပါတယ်။

လာမည့်ဒီဇင်ဘာလအတွင်း မြန်မာတနိုင်ငံလုံးဆိုင်ရာ ကျင်းပမည့် Youth Forum အစီအစဉ်မှာ ကယားတပြည်နယ်လုံးမှလူငယ်တွေရဲ့ လက်ရှိ ကြံုတွေ့နေရတဲ့ နိုင်ငံရေးအခြေအနေ လူမှုရေး၊ ပညာရေး၊ စသည့်လူငယ်တွေရဲ့အခန်းကဏ္ဍတွေ ထုတ်ပြန်ကြေငြာချက်အတိုင်း သွားရောက်တင်ပြဖို့ အစီအစဉ်ရှိထားတယ်လို့ သိရပါတယ်။

ကန္တာရဝတီလူငယ်အဖွဲ့မှ အယ်ဗလင်းက “အဓိက ကတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို တိတိကျကျနဲ့ အစိုးရကနေ ဖော်ပြပေးပြီးတော့မှ လူငယ်တွေရဲ့ လုပ်ရှားမူတွေကို အသိမှတ်ပြုပေးဖို့ အပါဝင် ကျမတို့ အသေးစိတ် ဖြစ်တဲ့ ကယားပြည်နယ် လူငယ်တွေရဲ့ ထုတ်ပြန်ကြေငြာစာ မှာပါတဲ့ အချက် ၉ ချက်ကနေ ကျမတို့ သွားရောက်ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် မြန်မာတနိုင်ငံလုံး Youth Forum ကို ကယားပြည်နယ်မှ ခရိုင် ၂ခု ရှိသည့်အတက် ခရိုင် ၁ ခုစီလျှင် ကိုယ်စားလှယ် ၃ ဦးဖြင့် ကယားပြည်နယ်မှလူငယ်ကိုယ်စားလှယ် စုစုပေါင်း ၆ ဦးတက်ရောက်နိုင်ဖို့ ရွေးချယ်သွားကြမယ်လို့ သိရပါတယ်။

ထုတ်ပြန်ကြေညာချက်ရယူရန်-

http://www.mediafire.com/view/?tfocohdpae93ioj

Most read this week